Tuesday, August 11, 2020

ထိုင်ဝမ်ဒီမိုကရေစီစနစ်ကို သမိုင်းဝင်ခရီးစဉ်တွင် အမေရိကန်ဝန်ကြီး ချီးကျူး

ထိုင်ဝမ်ခေါင်းဆောင်နှင့် အမေရိကန်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ယောက်တို့ ယနေ့တွင် ထိုင်ဝမ်၌တွေ့ဆုံခဲ့ပြီး ထိုခရီးစဉ်သည် ၁၉၇၉ ခုနှစ်တွင် သံတမန်အားဖြင့် ကျွန်းမှတရုတ်သို့ အသိအမှတ်ပြုသည့်နောက်ပိုင်း အမေရိကန်မှ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်တစ်ယောက်၏ ခရီးစဉ်ဖြစ်ပြီး တရုတ်ပြည်မကြီးဘက်က ယခုခရီးစဉ်ကို ရှုတ်ချထားသည်။
တိုင်ပေသို့ တနင်္ဂနွေနေ့တွင် ကျန်းမာရေးဝန်ကြီး အဲလက်က်စ် အဇား ရောက်ရှိခဲ့ပြီး ဒီမိုကရတ်တစ်စံနှုန်းများဝေမျှမှုသာမက ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရာတွင် အောင်မြင်မှုများ မြင့်တင်ရန် ၃ ရက်ကြာခရီးစဉ်စတင်ခဲ့သည်။
တနင်္လာနေ့မနက်ပိုင်းတွင် အဇားက ထိုင်ဝမ်ကို အချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ်နိုင်ငံအနေနှင့် ရပ်တည်လိုကြောင်းပြောဆိုပြီး တရုတ်ပြည်မကြီး ခေါင်းဆောင်များက မုန်းတီးသော ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်နှင့်တွေ့ဆုံခဲ့သည်။
အမေရိကန်နှင့် တရုတ်ပြည်မကြီးတို့ကြား ဆက်ဆံရေးဆိုးရွားနေပြီး ကုန်သွယ်ရေး၊ စစ်ရေး၊ လုံခြုံရေးနှင့် ကမ္ဘာ့ကပ်ရောဂါအရေးတို့တွင် ထိပ်တိုက်တွေ့နေကြချိန် ယခုခရီးစဉ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထိုင်ဝမ်သည် ကိုယ်ပိုင်မြေဖြစ်ပြီး တစ်နေ့တွင် ပြန်လည်ရယူမည်ဟု ကြိမ်းဝါးထားသည့်တရုတ်နိုင်ငံက အဇား၏ခရီးစဉ်သည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအပေါ်ခြိမ်းခြောက်မှုတစ်ရပ်ဟု ဖော်ပြထားသည်။
Ref ; MeKong News

0 comments:

Post a Comment