Wednesday, August 12, 2020

ဂျပန်နိုင်ငံရှိ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများသို့ တိုကျိုမြို့ရှိ မြန်မာသံရုံး အသိပေးထုတ်ပြန်

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို မြန်မာ့သက္ကရာဇ် ၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ ခရစ်သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် (တနင်္ဂနွေနေ့)တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
ထို့ကြောင့် မြန်မာသံရုံးအနေဖြင့် ဂျပန်နိုင်ငံရောက် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများအား နိုင်ငံပြည်ပရောက် မဲဆန္ဒရှင်များမှ မဲပေးခွင့်တောင်းခံသည့် ပုံစံ(၁၅)ကို (၁၆-၇-၂၀၂၀) ရက်မှ (၅-၈-၂၀၂၀) ရက်အတွင်း ပြန်လည်ပေးပို့ ကြပါရန် အသိပေးထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံပြင်ပရောက် ကြိုတင်မဲဆန္ဒပေးလိုသူများမှ ပုံစံ (၁၅)များကို ပြည်ပရှိသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများမှ သတ်မှတ်ချိန်အတွင်း အချိန်မီ ပေးပို့ နိုင်မည်ဆိုပါက ရက်တိုးမြှင့် လက်ခံဆောင်ရွက်ပေးပါရန် အကြောင်းကြားလာခဲ့ပါသည်။
ထို့ကြောင့် ဂျပန်နိုင်ငံရောက် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားမှ ပြည့်စုံစွာ ဖြည့်စွက်ထား သည့် ပုံစံ(၁၅)နှင့် နိုင်ငံကူးလက်မှတ်မိတ္တူနှင့် နေထိုင်ခွင့်ကဒ်ပြားမိတ္တူများကို မြန်မာသံရုံး၏ အောက်ဖော်ပြပါလိပ်စာသို့ စာတိုက်မှသော်လည်းကောင်း၊ လူကိုယ်တိုင်သော် လည်းကောင်း ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၅ ရက် (စနေနေ့) ၁၂၀၀ နာရီ နောက်ဆုံးထားရှိ ပေးပို့ကြပါရန် အသိပေးအပ်ပါသည်။ မြန်မာသံရုံးအနေဖြင့် စိစစ်ဆောင်ရွက်ရာတွင် အချိန်ကန့်သတ်ချက် ရှိပါသဖြင့် အီးမေးလ်ဖြင့် ပေးပို့ခြင်း မပြုကြပါရန်လည်း အသိပေးအပ်ပါသည်။
EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR
4-8-26, Kita-Shinagawa, Shinagawa-ku,
Tokyo 140-0001
မြန်မာသံရုံးအနေဖြင့် နိုင်ငံပြင်ပရောက် ကြိုတင်မဲဆန္ဒပေးလိုသူများမှ ပေးပို့လာသည့် မဲပေးခွင့်တောင်းခံသည့်ပုံစံ(၁၅)များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အချိန်မီဆက်လက် ပေးပို့သွားနိုင်ရေးအတွက် အထက်ပါအချက်များကို အလေးထား ပူးပေါင်းဆောင်ရွက်ကြပါရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။
>>Zawgyi<<
ဂျပန်နိုင်ငံရှိ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများသို့ တိုကျိုမြို့ရှိ မြန်မာသံရုံး အသိပေးထုတ်ပြန်
Wednesday, August 12, 2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို မြန်မာ့သက္ကရာဇ် ၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ ခရစ်သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာသံရုံးအနေဖြင့် ဂျပန်နိုင်ငံရောက် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများအား နိုင်ငံပြည်ပရောက် မဲဆန္ဒရှင်များမှ မဲပေးခွင့်တောင်းခံသည့် ပုံစံ(၁၅)ကို (၁၆-၇-၂၀၂၀) ရက်မှ (၅-၈-၂၀၂၀) ရက်အတွင်း ပြန်လည်ပေးပို့ ကြပါရန် အသိပေးထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံပြင်ပရောက် ကြိုတင်မဲဆန္ဒပေးလိုသူများမှ ပုံစံ (၁၅)များကို ပြည်ပရှိသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများမှ သတ်မှတ်ချိန်အတွင်း အချိန်မီ ပေးပို့ နိုင်မည်ဆိုပါက ရက်တိုးမြှင့် လက်ခံဆောင်ရွက်ပေးပါရန် အကြောင်းကြားလာခဲ့ပါသည်။
ထို့ကြောင့် ဂျပန်နိုင်ငံရောက် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားမှ ပြည့်စုံစွာ ဖြည့်စွက်ထား သည့် ပုံစံ(၁၅)နှင့် နိုင်ငံကူးလက်မှတ်မိတ္တူနှင့် နေထိုင်ခွင့်ကဒ်ပြားမိတ္တူများကို မြန်မာသံရုံး၏ အောက်ဖော်ပြပါလိပ်စာသို့ စာတိုက်မှသော်လည်းကောင်း၊ လူကိုယ်တိုင်သော် လည်းကောင်း ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၅ ရက် (စနေနေ့) ၁၂၀၀ နာရီ နောက်ဆုံးထားရှိ ပေးပို့ကြပါရန် အသိပေးအပ်ပါသည်။ မြန်မာသံရုံးအနေဖြင့် စိစစ်ဆောင်ရွက်ရာတွင် အချိန်ကန့်သတ်ချက် ရှိပါသဖြင့် အီးမေးလ်ဖြင့် ပေးပို့ခြင်း မပြုကြပါရန်လည်း အသိပေးအပ်ပါသည်။
EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR
4-8-26, Kita-Shinagawa, Shinagawa-ku,
Tokyo 140-0001
မြန်မာသံရုံးအနေဖြင့် နိုင်ငံပြင်ပရောက် ကြိုတင်မဲဆန္ဒပေးလိုသူများမှ ပေးပို့လာသည့် မဲပေးခွင့်တောင်းခံသည့်ပုံစံ(၁၅)များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အချိန်မီဆက်လက် ပေးပို့သွားနိုင်ရေးအတွက် အထက်ပါအချက်များကို အလေးထား ပူးပေါင်းဆောင်ရွက်ကြပါရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။

0 comments:

Post a Comment