Monday, August 10, 2020

လာမည့် ရွေးကောက်ပွဲတွင် တစညပါတီအနေဖြင့် ရခိုင်ပြည်နယ်မှလွဲပြီး ကျန်တိုင်းနဲ့ပြည်နယ်အားလုံးတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနဲ့ လုံခြုံရေးအရ ရခိုင်ပြည်နယ်ကလွဲရင်ကျန်တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ရွေးကောက်ပွဲဝင်ပြိုင်မှာဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၃၈၇ ဦးလျာထားတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ မင်းပြားမြို့နယ်တို့မှာ ၂၀၁၉ခုနှစ်က တစညပါတီရဲ့ ဥက္ကဌ ၊ တွဲဖက်အတွင်းရေးမှူး ၊ ပါတီဝင် သုံးဦး အသတ်ခံခဲ့ရတာကြောင့် နယ်မြေလုံခြုံရေးအခြေအနေနဲ့ ပါတီဝင် တွေရဲ့ အသက်အန္တရာယ် လုံခြုံရေးအရ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ပါတီဗဟိုအလုပ်အမှုဆောင် ဦးတင်အောင်က ပြောကြားခဲ့သည်။။
“ ရခိုင်ကတော့ လုံခြုံရေးအရမဝင်ပါဘူး ။ ကျွန်တော်တို့ပါတီရဲ့ စည်းရုံးရေးလုပ်ငန်းတွေလုပ်လို့မရနိုင်ပါဘူး ။ ပါတီဝင်တွေလည်း ပေါ်ပေါ်တင်တင် စည်းဝေးလို့မရပါဘူး ။ ၂၀၁၉ ခုနှစ်ဝန်းကျင်က ပါတီကလူတွေ ကျောက်တော် နဲ့ မင်းပြားမှာ အသတ်ခံရတာတွေ ၊ နေအိမ်မီးရှို့ခံရတာတွေရှိခဲ့ပါတယ်။ “ လို့ ပါတီဗဟိုအလုပ်အမှုဆောင် ဦးတင်အောင်က ဆိုပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနဲ့ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၄ခုက မြို့နယ်ပေါင်း ၁၇၅မြို့နယ်မှာ ကိုယ်စားလှယ်စုစုပေါင်း ၃၈၇ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ပြည်သူ့လွှတ်တော် ၉၂ဦး ၊ အမျိုးသားလွှတ်တော် ၃၇ဦး ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၂၄၉ဦး နှင့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာ ၉ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်းဖြစ်ပါတယ်။
Crd : Duwun

0 comments:

Post a Comment