Tuesday, August 18, 2020

ဆန္ဒပြမှုများ ပြင်းထန်နေသော မာလီနိုင်ငံတွင် တရားရေးဝန်ကြီး၏ ရုံးခန်းကို ဆန္ဒပြသူများက မီးရှို့ဖျက်ဆီး

မာလီနိုင်ငံ မြို့တော်ဘာမာကိုမှာ တရားရေးဝန်ကြီးရဲ့ ကိုယ်ပိုင်ရုံးခန်းကို ဆန္ဒပြသူတွေက သြဂုတ် ၁၈ ရက်မှာ ဖျက်ဆီးပြီး မီးတင်ရှို့ခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီဆိုတဲ့ ကောလာဟလတွေ ပြန့်အပြီး ခုလို ဖြစ်ကုန်တာပါ။ တပ်တွင်း ပုန်ကန်သူတွေက သမ္မတကို ဖမ်းဆီးခဲ့ပြီးပြီဆိုတဲ့ အတည်မပြုရသေးတဲ့ ကောလာဟလတွေလည်း ပြန့်နေပြီး သမ္မတရုံးကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။
ဆန္ဒပြသူတစ်ဦးက “မြို့လယ်က လွတ်လပ်ရေးရင်ပြင်နားမှာ ရာချီတဲ့လူတွေ အောင်ပွဲခံကြပြီး သမ္မတကို ဖြုတ်ချချင်တယ်။ အရင်နေ့က ဘာမာကိုမြို့တော်အပြင်ဘက် စစ်တန်းလျားမှာ တပ်တွင်းပုန်ကန်မှု ဖြစ်ခဲ့တဲ့ စစ်သားတွေကို ထောက်ပံ့ချင်တယ်”လို့ ပြောပါတယ်။
မြို့တော်ကနေ ၉ မိုင်အကွာက ကာတီရပ်စစ်တပ် အခြေစိုက်စခန်းမှာ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ မာလီစစ်တပ် ပြောခွင့်ရက အတည်ပြုပါတယ်။ ဒါပေမဲ့ နောက်ထပ် တခြား သတင်းအချက်အလက် မရှိသေးဘူးလို့ ပြောပါတယ်။
Crd : DVB

0 comments:

Post a Comment