Thursday, August 13, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ၂၀၂၀ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီတချို့ တွေ့ဆုံရန်ရှိ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လာမည့် ၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီတချို့ မနက်ဖြန် သြဂုတ်လ ၁၄ ရက်မှာ နေပြည်တော်တွင် တွေ့ဆုံဖို့ရှိကြောင်း သိရသည်။
ဒါပေမဲ့ ပါတီတွေရွေးချယ်ဖိတ်ကြားတဲ့ မူဝါဒနဲ့ အစီအစဉ်ကိုတော့ အသေးစိတ် မသိဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
တွေ့ဆုံပွဲကိုတက်ဖို့ရှိတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက
"ရွေးကာက်ပွဲလည်းနီးပြီ။ ငြိမ်းချမ်းရေးညီလာခံလည်း ပြန်စဖို့နီးပြီ။ ဒီအချိန်အခါက အရေးပါတဲ့အချိန်ဖြစ်လို့ တပ်ချုပ်နဲ့တွေ့ဖို့ လက်ခံလိုက်တာပါ" လို့ ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီတချို့ ယခင်ကလည်းတွေ့ဆုံခဲ့ဖူးပြီး မနက်ဖြန်တွေ့ဆုံပွဲမှာ ခါတိုင်းလိုပဲ အမြင်တွေဖလှယ်ဆွေးနွေးကြမယ်လို့ ထင်မြင်ကြောင်း တွေ့ဆုံပွဲတက်မယ့် ဝ အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ်က ပြောပါတယ်။
Crd : BBC

0 comments:

Post a Comment