Tuesday, August 11, 2020

နိုင်ဂျီးနီးယားမှာ ပြင်သစ်နိုင်ငံသား အကူအညီပေးရေး ဝန်ထမ်း ၆ ဦး သေနတ်နဲ့ ပစ်သတ်ခံရ

နိုင်ဂျီးနီးယားနိုင်ငံမှာ ပြင်သစ်နိုင်ငံသား အကူအညီပေးရေး ဝန်ထမ်း ၆ ဦး၊ နိုင်ဂျီးနီးယားနိုင်ငံသား လမ်းပြ ၁ ဦးနဲ့ ယာဉ်မောင်းတစ်ဦးကို မော်တော်ဆိုင်ကယ်တွေနဲ့ သေနတ်သမားအုပ်စုက ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အာဖရိကအနောက်ပိုင်း၊ Niamey မြို့တော်မှ ၆၅ ကီလိုမီတာ ( မိုင် ၄၀ ) အကွာရှိ သစ်ကုလားအုပ်စားကျက် မြေမှာ အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ Tillaberi ဒေသဆိုင်ရာ အစိုးရ Tidjani Ibrahim Katiella က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့သူ ၆ ဦးဟာ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ( ACTED ) မှ ပြင်သစ်နိုင်ငံသား ဝန်ထမ်းများ ဖြစ်တယ်လို့ နိုင်ဂျီးနီးယား ကာကွယ် ရေးဝန်ကြီး Issoufou Katambe က ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။
ပြင်သစ်နဲ့ အခြားနိုင်ငံတွေဟာ နိုင်ဂျီးနီးယားရှိ စစ်သွေးကြွ Boko Haram အပါအဝင် အစ္စလာမ်တွဲဖက်ဒေ သများသို့ ခရီးသွားလာခြင်း မပြုဖို့ သတိပေးတားမြစ်ထားတယ်လို့ သိရပါတယ်။ ပြင်သစ်သမ္မတ Emmannuel Macron ရဲ့ ရုံးက အကူအညီပေးရေးဝန်ထမ်း ပြင်သစ်နိုင်ငံသား ၆ ဦး နိုင်ဂျီးနီးယားမှာ အ သတ်ခံရတာကို အတည်ပြုခဲ့ပြီး သမ္မတ Macron ဟာ နိုင်ဂျီးနီးယားသမ္မတ Mahamadou Issoufouကို ဖုန်းနဲ့ စကားပြောခဲ့တယ်လို့ သိရပါတယ်။ သေနတ်ဒဏ်ရာနဲ့ သေဆုံးသူတွေမှာ ယင်းစားကျက်မြေရဲ့အုပ် ချုပ်ရေးမှူး Kadri Andou လည်း ပါဝင်ခဲ့ပြီး အကြမ်းဖက်သမားတွေကို အစိုးရဆန့်ကျင်ရေးဝါဒီ စစ်သွေး ကြွများအဖြစ် သတ်မှတ်ထားတယ်လို့ Koure Giraffe Reserve Guides မှ အဖွဲ့ဝင်တစ်ဦးက ပြောဆိုပါတယ်။
Ref ; AKon Thi

0 comments:

Post a Comment