Wednesday, August 5, 2020

မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နေရာများ၊ ဟင်္သာတမြို့နှင့် မြန်အောင်မြို့များနှင့် ရေဖြူမြို့နယ်၊ သင်္ကန်းတောကျေးရွာရှိ ဘုရားစေတီတော်၌ မြေထိန်းနံရံများ တည်ဆောက်ခြင်း လုပ်ငန်းများတွင် တပ်မတော်သားများမှကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိန်းဇလုပ်မြို့၊ ကင်မွန်းချုံရပ်ကွက်သို့ ရေများဝင်ရောက်ခြင်း၊ ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးအုပ်စု၊ ဇီးအုပ် ကျေးရွာနှင့်ပေါက်ချောင်းကျေးရွာအကြား စမိုးချောင်းနှင့်ဆည်မြောင်းရေ>ပန်ဆုံရာနေရာရှိ တာဘောင်မှာ ချောင်းရေတိုက်စားမှုကြောင့် တာကျိုးပေါက်ခြင်း၊ တောင်ငူမြို့၊ ကင်းဆိပ်ကျေးရွာ နှင့်အုတ်တွင်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာအုပ်စု၊ မန်ကျီးပင်စုကျေးရွာချင်းဆက်လမ်းပေါ်ရှိ ခပေါင်း ချောင်း(သစ်သား)တံတားသည် ချောင်ရေတိုက်စားမှုကြောင့် ရေစီးနှင့်အတူ မျောပါပျက်စီး ခြင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကံကျင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားသည့်လမ်းပေါ်ရှိ သွပ်မိုးတံတားမှာ ကံကျင်းချောင်းရေတိုက်စားမှုကြောင့် ရေစီးနှင့်အတူ မျောပါခြင်းများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါရေဝင်ရောက်မှုနှင့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သောနေရာဖြစ်သည့် ကင်းမွန်းချုံ ကျေးရွာမှ ရေဘေးရှောင်ပြည်သူ ၃၇၀ ဦးကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ညောင်လေးပင် တပ်နယ်မှ တပ်မတော်သားများက ရေဘေးလွတ်ရာရေလည်ဘုန်းတော်ကြီးကျောင်းနှင့် သုဓမ္မ ပရိယတ္တိစာသင်တိုက်သို့ကူညီရွှေ့ပြောင်းပေးပြီး ထမင်းထုပ်များဝေငှပေးခြင်း၊ ရေတာရှည် မြို့နယ်၊ စမိုးချောင်းနှင့်ဆည်မြောင်းရေ>ပန်ဆုံရာ တာဘောင်ပျက်စီးခြင်းကို ရေတာရှည် တပ်နယ်မှ တပ်မတော်သားများ မျောတိုင်များဖြင့် တုတ်ရိုက်ခြင်း၊ သဲအိတ်များဖြင့် တာဘောင် ပြုပြင်ခြင်း၊ တောင်ငူမြို့၊ ကင်းဆိပ်ကျေးရွာနှင့်အုတ်တွင်းမြို့နယ်ရှိ မန်ကျီးပင်စုကျေးရွာကြားရှိ ခပေါင်းတံတားပျက်စီးမှုကို တောင်ငူတပ်နယ်မှ တပ်မတော်သားများက တံတားပြန်လည် ပြုပြင်တည်ဆောက်ခြင်းနှင့် ပေါက်ခေါင်းမြို့နယ်၊ကံကျင်းကျေးရွာ သွပ်မိုးတံတားပျက်စီးမှုကို ပြည်တပ်နယ်မှ တပ်မတော်သားများက တံတားပြန်လည်ပြုပြင်ခြင်း စသည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ယနေ့တွင် တပ်နယ်အသီးသီးမှ တပ်မတော်သားများက ဆောင်ရွက်ပေးသည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အိမ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ် ကျေးရွာ ဆည်မြောင်းရေကာတာသည် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ရေကာတာပေါက် ပြီး ကျေးရွာအချို့၌ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည်။
ထိုသို့ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် ဖောင်ဆိပ်ကျေးရွာရှိ နေအိမ် ၂ လုံးကို ရေဘေးလွတ်ရာသို့ကူညီရွှေ့ပြောင်းပေးခြင်း၊ ၊ ငှက်တောကျေးရွာရှိ နေအိမ် ၇ လုံးကို ကူညီ ကယ်ဆယ်ရွှေ့ပြောင်းပေးခြင်း၊ တာထိန်းသိမ်းခြင်း၊ မြန်အောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက် လွန်ဆေးမြိုင်ပန်းခြံ အနောက်ဘက်ကမ်းတစ်လျှောက်ရေစီးအား ထိန်းရန် Floatting Unit ပြုလုပ်ခြင်း၊ အရန် ရေထိန်းတာဆောင်ရွက်ခြင်းနှင့်သဲအိတ်ဖို့ခြင်းများကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ သင်္ကန်းတောကျေးရွာရှိ ဆုတောင်းပြည့် ခလဲပင်စေတီတော်သည် စေတီတော်ဘေးရှိ သဘွတ်ချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါး မြေပြိုကျမှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါကမ်းပါးပြိုကျမှုကြောင့် စေတီတော်ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် မြေထိန်းနံရံတည်ဆောက်ခြင်းနှင့်ပြန်လည်မွမ်းမံရေးလုပ်ငန်းများကို ယနေ့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ကလိန်အောင်တပ်နယ်မှ တပ်မတော်သား များက ကူညီဆောင်ရွက်ပေးသည်။
အလားတူ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့၊ ခတ္တိယနှင့် တောင်(၂)ရပ်ကွက်များရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၇၃ စု၊ လူဦးရေ ၂၇၀ ဦးကို ၎င်းတို့ယာယီရွှေ့ပြောင်းနေထိုင်သည့် ရေဘေးရှောင်စခန်းများသို့ တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဆန်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment