Sunday, August 23, 2020

စစ်တွေမြို့တွင်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇ ပြောင်းလဲနေသည့် အမျိုးအစားဖြစ်နိုင်သောကြောင့် ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကိုစစ်ဆေးဖော်ထုတ်သွားမည်

စစ်တွေမြို့တွင်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲနေသည့် အမျိုးအစားဖြစ်နိုင်သောကြောင့် ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကိုစစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း အားကစားနှင့်ကျန်းမာရေးပြည်ထောင်စုဝန်ကြီးဒေါကါတာမြင့်ထွေးမှပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားမှုသည် မြန်ဆန်လျက်ရှိပြီး (၁၆-၈-၂၀၂၀) ရက်မှ (၂၁-၈-၂၀၂၀) ရက်အထိ (၅) ရက် တာကာလအတွင်း၌ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦးတွေ့ရှိခဲ့ပြီး (၄၄) ဦးသည် စစ်တွေမြို့မှ ဖြစ်ပါကြောင်း၊ ယခု စစ်တွေမြို့၌ကူးစက်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇ ပြောင်းလဲ နေသည့် အမျိုးအစားဖြစ်နိုင်သောကြောင့် ဆေးသုတေသနဦးစီးဌာန၌ ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကိုစစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ပါကြောင်းပြည်ထောင်စုဝန်ကြီးမှာ ပြောကြားခဲ့တယ်လို့သိရပါတယ်။
စစ်တွေမြို့နယ်တွင် လျင်မြန်စွာကူးစက်ဖြစ်ပွားနေသော COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် Videoconferencing စနစ်ဖြင့် ဆွေးနွေးခဲ့ပြီး ဆေးတက္ကသိုလ် (၁)၊ ရန်ကုန် ၌ ပြုလုပ်ခဲ့သော အရေးပေါ်အခြေအနေအမျိုးမျိုးအတွက် ဆေးရုံများ၌ ဘက်စုံအသင့်ပြင်ဆင်ထားရှိနိုင်ရေးနှင့် စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်ရေး စားပွဲဝိုင်းလေ့ကျင့်ခန်းအစီအစဉ်မှာ ပြည်ထောင်စုဝန်ကြီးမှတတ်ရောက်အမှာ စကားပြောကြားစဉ်မှာပြောကြားခဲ့တာပါ၊အဆိုပါစားပွဲဝိုင်းလေ့ကျင့်ခန်းအစီစဉ်ကို ၂၂.၈.၂၀၂၀နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိဆေးတက္ကသိုလ်-၁မှာပြုလုပ်ခဲ့ပါတယ်။
Ref ; Weekly HeadLine News Journal

0 comments:

Post a Comment