Friday, August 14, 2020

အီရန်နိုင်ငံအပေါ် လက်နက်ကုန်သွယ်မှုတားမြစ်ထားခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ မဲခွဲဆုံးဖြတ်လျက်ရှိပြီး ရလဒ်များအားယနေ့ ထုတ်ပြန်မည်

အီရန်နိုင်ငံအပေါ် လက်နက်ကုန်သွယ်မှုတားမြစ်ထားခြင်းကို သက်တမ်းတိုးရန် အမေရိကန်၏ ကမ်းလှမ်းမှုနှင့်ပတ်သက်၍ ဩဂုတ်လ ၁၃ ရက် နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ မဲပေးခဲ့ကြပြီး ရုရှားနှင့်တရုတ်နိုင်ငံတို့မှ ဗီတိုအာဏာသုံး၍ ကန့်ကွက်ခဲ့ကြောင်းနှင့် ရလဒ်များအား ဩဂုတ်လ ၁၄ ရက်နေ့ အစည်းအဝေးတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သံတမန်များမှ ပြောကြားခဲ့ပါသည်။
အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် coronavirus ရောဂါ ကူးစက်ပျံ့နှံ့မှုဖြစ်ပေါ်နေစဉ်အတွင်း မဲခွဲဆုံးဖြတ်ရန်ဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံများအနေဖြင့် မဲပေးရန် အချိန် ၂၄ နာရီ ရရှိပါသည်။
အီရန်၊ ရုရှား၊ တရုတ်၊ ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်နှင့် အမေရိကန်နိုင်ငံတို့ကြား ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်အရ ၁၃ နှစ်ကြာ လက်နက်ကုန်သွယ်မှု တားမြစ်ထားခြင်းသည် အောက်တိုဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းသည် အီရန်နိုင်ငံတွင် နျူကလီးယားလက်နက်များ ထုတ်လုပ်ခြင်းကို တားဆီးထားပါသည်။
အမေရိကန်နိုင်ငံသည် အီရန်နိုင်ငံအပေါ် လက်နက်ကုန်သွယ်မှုတားမြစ်ထား ခြင်းကို သက်တမ်းတိုးမည့် ၎င်း၏ ဆုံးဖြတ်ချက်မူကြမ်းနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်မချမှီ နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိန်းသိမ်းရန် မရှိမဖြစ်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
သို့သော် သံတမန်များနှင့် စိစစ်လေ့လာသူများမှ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်း သည် မအောင်မြင်နိုင်သေးကြောင်း၊ ၎င်းအား အတည်ပြုရန် အနည်းဆုံးထောက်ခံမဲ ၉ ခု လိုအပ်ကြောင်းနှင့် ရုရှား၊ တရုတ်၊ အမေရိကန်၊ ဗြိတိန် သို့မဟုတ် ပြင်သစ်နိုင်ငံတို့ အနေဖြင့် ဗီတိုအာဏာသုံးခွင့်မရှိကြောင်း ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် အောင်မြင်မှုမရခဲ့လျှင် ၎င်းသည် ၂၀၁၈ ခုနှစ်တွင် သဘောတူညီချက်မှ နုတ်ထွက်ထားသော်လည်း နျူကလီးယား သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်ကို အသုံးပြု၍ အီရန်နိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှု အားလုံးကို ပြန်လည်စတင်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပါသည်။ ထိုကဲ့သို့ လုပ်ဆောင် မှုသည် ပျက်စီးလွယ်သည့် နျူကလီးယားသဘောတူညီချက်ကို ထပ်မံထိခိုက်စေနိုင် ပါသည်။
Source - Reuters #Myanmar_Online_News

0 comments:

Post a Comment