Wednesday, August 26, 2020

ဖမ်းဆီးခံထားရသည့် ကနေဒါနိုင်ငံသားများနှင့်ပတ်သက်၍ ကနေဒါနိုင်ငံခြားရေး ဝန်ကြီးမှ တရုတ်နိုင်ငံခြား ရေးဝန်ကြီးအား တိုက်တွန်းပြောကြား

ဩဂုတ်လ ၂၅ ရက်နေ့တွင် ကနေဒါနိုင်ငံခြားရေးဝန်ကြီး Francois-Philippe Champagne သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် ရောမမြို့၌ တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံမှ ဖမ်းဆီးထားသည့် ကနေဒါနိုင်ငံသားနှစ်ဦးအား လွှတ်ပေးရန် တိုက်တွန်းခဲ့ကြောင်း ကနေဒါနိုင်ငံမှ ပြောကြားခဲ့ပါသည်။
Champagne မှ ကနေဒါနိုင်ငံအနေဖြင့် ဟောင်ကောင်အပေါ် တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုများနှင့်ပတ်သက် ၍ ကန့်ကွက်ကြောင်း ဖော်ပြခဲ့သည်ဟု အစိုးရအရာရှိ တစ်ဦးမှ ပြောကြားခဲ့ပါသည်။ Champagne သည် ဥရောပသို့သွားရောက်သည့် ၎င်း၏ တရားဝင်ခရီးစဉ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် ဟော် တယ်တစ်ခု၌ မိနစ် ၉၀ ကြာ တွေ့ဆုံခဲ့ ပါသည်။ ၎င်းတို့နှစ်ဦးသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ဂျပန်နိုင်ငံ၌ မျက်နှာချင်းဆိုင် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။
ကနေဒါနိုင်ငံ ရဲတပ်ဖွဲ့မှ Huawei နည်းပညာကုမ္ပဏီလီမိတက်၏ ဘဏ္ဍာရေး အရာရှိ Meng Wanzhou အား ဖမ်းဆီးခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် နှစ်နိုင်ငံကြားဆက်ဆံရေးမှာ ဆိုးရွားလာခဲ့ပါသည်။ ထို့နောက် တရုတ်နိုင်ငံသည် ကနေဒါနိုင်ငံသားနှစ်ဦးဖြစ်သည့် Michael Spavor နှင့် Michael Kovrig တို့အား သူလျှိုလုပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ပါသည်။ ထို့ပြင် အချို့သော canola မျိုးစေ့ တင်သွင်းမှုကိုလည်း ပိတ်ပင်ခဲ့ပါသည်။
ကနေဒါနိုင်ငံခြားရေးဝန်ကြီး Francois-Philippe Champagne မှ Michael Spavor နှင့် Michael Kovrig တို့၏ အမှုသည် အဓိကဦးစားပေးကိစ္စရပ်ဖြစ်ပြီး ကနေဒါ နိုင်ငံအနေဖြင့် ၎င်းတို့နှစ်ဦးအား ချက်ချင်းလွှတ် ပေးရန် တရုတ်နိုင်ငံအား တောင်းဆို ကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ကနေဒါ-တရုတ်နှစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် COVID-19 ရောဂါအား ကိုင်တွယ်ရာတွင် ကာ ကွယ်ဆေးရှာဖွေခြင်းအပါအဝင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုသည် အရေးကြီးကြောင်း ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားပါသည်။
လွန်ခဲ့သောလတွင် ဟောင်ကောင်၌ တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းခဲ့ပြီးနောက် ကနေဒါနိုင်ငံသည် ဟောင်ကောင်နှင့်ချုပ်ဆိုထားသည့် တရားခံ လွှဲပြောင်းရေးသဘောတူစာချုပ်အား ဆိုင်းငံ့ခဲ့ပြီး ၎င်းသည် ဟောင်ကောင်၏ လူဝင်မှု ကြီးကြပ်ရေးကို မြှင်တင်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment