Wednesday, August 26, 2020

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အရေးပေါ် အခြေအနေ နောက်တစ်လ ထပ်တိုး



ထိုင်းနိုင်ငံမှာ Covid-19 ဖြစ်ပွားမှု ထိန်းချုပ်ဖို့အတွက် အရေးပေါ်အခြေအနေထုတ်ပြန်ထားမှုကို စက်တင် ဘာလ ၃၀ ရက်နေ့ထိ တစ်လထပ်တိုးလိုက်ကြောင်း အစိုးရအဖွဲ့က အင်္ဂါနေ့မှာ အတည်ပြုလိုက်တယ်လို့ သိရပါတယ်။
ထိုင်းမှာ ပြည်တွင်း ကူးစက်လူနာ ထပ်တိုးလာခြင်း မရှိတာ သုံးလရှိသွားပြီလို့ သိရပါတယ်။ အစိုးရအဖွဲ့ရဲ့ အရေးပေါ် အခြေအနေ သက်တမ်းထပ်တိုးခြင်းဟာ Covid-19 စီမံခန့်ခွဲရေး ဗဟိုဌာနရဲ့ အဆိုပြုချက်နဲ့အညီဖြစ်ကြောင်း၊ နိုင်ငံမှာ အရေးပေါ်အခြေအနေကို ပြီးခဲ့တဲ့ မတ်လက စတင်ခဲ့တာဖြစ်ပြီး ယခုလို သက်တမ်းတိုးတာဟာ ကျန်းမာရေး အကြပ်အတည်း ပေါ်ပေါက်လာရင် အစိုးရအနေနဲ့ အမြန်ဆုံးလှုပ်ရှားနိုင်စေဖို့အတွက်ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Anucha Burapachaisri က ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ် Prayut Chan-o-cha အစိုးရအဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်ဖို့အတွက် ဘက်ဂျက်ငွေ ၁ ဘီလီယံဘတ် ထောက်ပံ့ဖို့ အတည်ပြုလိုက်တယ်လို့ လည်း သိရပါတယ်။


Ref ; AKon Thi

0 comments:

Post a Comment