Thursday, August 6, 2020

လားရှိုးမြို့နယ်တွင် ခိုးဝင်လာသော တရုတ်နိုင်ငံသား ၂၀ ဦးအား ဖမ်းဆီးရမိ

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့သို့ တန့်ယန်းလမ်းဘက်မှ တရားမဝင် ခိုးဝင်လာသော မြဝတီကို အလုပ်သွားလုပ်မည့် တရုတ်နိုင်ငံသား ၂၀ ဦးအား သြဂုတ် ၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း လားရှိုးမြို့မ ရဲစခန်းမှ သိရှိရသည်။
လားရှိုးမှုခင်းနှိမ်နင်းရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့သည် လားရှိုး-တန့်ယန်းသွား ကားလမ်း ခါးသျှီကျေးရွာအဝင် လမ်းမပေါ်တွင် ပိတ်ဆို့ စစ်ဆေးနေစဉ် တန့်ယန်းမြို့ဘက်မှ မော်တော်ယာဉ် ၃ စီးဖြင့် တရားမဝင် လိုက်ပါလာသော တရုတ်နိုင်ငံသား ၂၀ ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ တရုတ်နိုင်ငံသားများအား လားရှိုးမြို့ ရပ်ကွက် (၇) ရွှေလယုန်ကားဂိတ်အနီးနေထိုင်သူ အောင်မြင့် မောင်းလာသော YGN 3N---- ALPHARD အဖြူနှင့်လည်းကောင်း၊ ကွမ်းလုံမြို့ နမ့်ကွမ်းကျေးရွာနေ ကော်ချီ မောင်းလာသည့် SHN-3N ----- PRADO အပြာရောင်ဖြင့်လည်းကောင်း၊ လားရှိုးမြို့ခေးနှင်းကျေးရွာနေ အားနိမ် မောင်းလာသည့် MDY-7K ---- PARAJO စိမ်းပုပ်ရောင်ယာဉ်တို့ဖြင့် တင်ဆောင်လာကြောင်း သိရသည်။
“ကိုဗစ်ကာလနောက်ပိုင်း တရားမဝင် ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသားတွေ နေ့စဉ် ဖမ်းမိနေတာတွေ့ရပါတယ်။ ဘာကြောင့် မရပ်သွားလည်းဆိုရင် ထိထိရောက်ရောက် အရေးမယူလို့ပဲမြင်ပါတယ်။ တကယ်ဆိုရင် ကိုဗစ်ကာလ လူစု လူဝေး ပုဒ်မတွေ လ.ဝ.က ကလည်း ထိရောက်အောင် ဆောင်ရွက်သင့်တယ်လို့ ပြောချင်ပါတယ်။’’ဟု ရာအိမ်မှူး ဦးသန်းတင့်က ပြောသည်။
အဆိုပါ ဖမ်းဆီးရမိသော တရုတ်နိုင်ငံသား ကျား ၁၉ ဦး၊ မ ၁ ဦးနှင့် ယာဉ်မောင်း ၃ ဦးအား ဆက်လက် စစ်ဆေးလျက်ရှိပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းကာ အမှုဖွင့် အရေးယူနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
crd-မြစ်မခ #Myanmar_Online_News
>>Zawgyi<<

crd-ျမစ္မခ #Myanmar_Online_News

0 comments:

Post a Comment