Saturday, August 8, 2020

တောင်ဥက္ကလာပမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် ပန်းတိမ်ဆရာ လင်မယားနှစ်ဦးလူသတ်မှုမှ ပြစ်မှုကျူးလွန်သူ(၂)ဦးကို ဖမ်းဆီးရမိ

အမှုမှာ ၃၁.၇.၂၀၂၀ ရက်နေ့ ၁၇၀၀ အချိန်တွင် တရားလို ဦး----- ရခိုင်/ဗုဒ္ဓ၊ အမှတ်(၁၆၄)၊ ကောလိယ(၂၅)လမ်း၊ (၁၃)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ် နေသူသည် ၎င်းနှင့်ရင်းနှီးသည့် ရခိုင် ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နေ မ-----က တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်၊ မင်းရဲကျော်စွာ (၆)လမ်း(ခ)၊ အမှတ်(၁၃၁)၊ (၄)လွှာနေ အစ်မဖြစ်သူ မလှလှ ကို ဖုန်းခေါ်မရသဖြင့် သွားရောက်ကြည့်ရှု ပေးပါရန် အကူအညီတောင်းခံသောကြောင့် ၁၉၀၀ အချိန်တွင် အဆိုပါတိုက်ခန်း၏ ပိုင်ရှင်၊ ဆယ်အိမ်မှူး တို့နှင့်အတူ သွားရောက်ကြည့်ရှုရာ နေအိမ်အိပ်ခန်း၌ မလှလှ ကို မှောက်လျက်အနေအထား ဖြင့်လည်းကောင်း၊ မလှလှ ၏ ခင်ပွန်းဖြစ်သူ ကိုထွန်းလှိုင် ကို အခြားအိပ်ခန်းတစ်ခုအတွင်း၌ ထိုးသွင်း ပြတ်ရှ ဒဏ်ရာများဖြင့်လည်းကောင်း သေဆုံးနေသေည်ကို တွေ့ရှိရသဖြင့် တရားခံအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် တောင်ဥက္ကလာပမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းမှုဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက သတင်းရလျှင်ရချင်း တရားခံစုံစမ်းဖော်ထုတ်ရရှိရေး အမြန် ဆောင်ရွက်ရန် ညွှန်ကြားချက်နှင့်အရ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်မင်းဦး၊ အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှသိန်း၊ အမှတ်(၂)မှုခင်းရဲတပ်ဖွဲ့ခွဲ(အင်းစိန်)၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနစု၊ မှုခင်းအကူဌာနစု၊ လုံခြုံရေးတပ်ခွဲ(၁)၊ လုံခြုံရေးတပ်ခွဲ(၂)နှင့် တောင်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်အား စစ်ဆေးခဲ့ကြပြီး အထူးအမှုစစ် အဖွဲ့က ပတ်ဝန်းကျင်သက်သေများနှင့် သေဆုံးသူတို့၏ သတင်းအချက်အလက်များအား စုံစမ်းဆောင်ရွက် ခဲ့ပြီး တရားခံအမြန်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ သေဆုံးသူ မလှလှ နှင့် ဆွေမျိုး နီးစပ်သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စဉ့်ကူးလမ်းရပ်ကွက်၊ အကွက်(၁)၊ ဝိသာခါလမ်းနေ အောင်ကျော်မြင့် နှင့် ဘော်လုံးကွင်းရပ်ကွက်၊ မေယုလမ်းနေ ဝင်းမောင် တို့ဖြစ်နိုင်ကြောင်း မသင်္ကာဖွယ်ရာ သတင်းစကားများ စုံစမ်းသိရှိရသဖြင့် ၎င်းတို့(၂)ဦးအား ဖမ်းဆီးရမိရေး ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပါသည်။
၆.၈.၂၀၂၀ ရက် ၁၁၁၅ အချိန်တွင် စစ်တွေနယ်မြေရဲစခန်းမှူး ရဲအုပ် သိန်းထိုက် နှင့် အဖွဲ့က အမှုဖြင့်အလိုရှိသူ မသင်္ကာတရားခံ အောင်ကျော်မြင့် ကို စစ်တွေမြို့၊ စက်ရိုးကျတံတားအောက်မှ လည်းကောင်း၊ ဝင်းမောင် ကို စစ်တွေဆေးရုံကြီးရှေ့ သုံးဘီးဆိုင်ကယ်ဂိတ်မှလည်းကောင်း ဖမ်းဆီးရမိ ထားကြောင်း အကြောင်းကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ အထူးအမှုစစ်အဖွဲ့က ရရှိသတင်း အချက်အလက်များအား ရဲအု်ပသိန်းထိုက် ထံ ပေးပို့တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းတို့(၂)ဦးမှာ ၃၀.၇.၂၀၂၀ ရက်နေ့တွင် စစ်တွေမြို့မှ လေယာဉ်ဖြင့်လိုက်ပါလာပြီး ပြစ်မှုကျူးလွန်ကာ ၃၁.၇.၂၀၂၀ ရက်တွင် စစ်တွေမြို့သို့ ပြန်သွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ပါသည်။
ပြစ်မှုကျူးလွန်သူ အောင်ကျော်မြင့် (၃၀)နှစ်၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ နေ့စားဝန်ထမ်း)၊ ဝိသာခါလမ်းကြား၊ စဉ့်ကူးလမ်းရပ်ကွက်၊ အကွက်(၁)၊ စစ်တွေမြို့ နှင့် ဝင်းမောင် (၅၁)နှစ်၊ မေယုလမ်း၊ ဘော်လုံးကွင်းရပ်ကွက်၊ စစ်တွေမြို့ နေသူတို့ကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့ နိုင်ရေး၊ ကျန်ရှိရဲလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Crd : Yangon Police #Myanmar_Online_News

0 comments:

Post a Comment