Wednesday, August 5, 2020

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းရှိ တော်ဝိ-ပိန်းဇလုပ် တံတားအမှတ်(၁၃၆) အား မြန်မာ့မီးရထားမှ ပြုပြင်ဆောင်ရွက်လျက်ရှိ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ တော်ဝိ-ပိန်းဇလုပ် တံတားအမှတ် (၁၃၆) တွင် ရထားသံလမ်းရေကျော်မှု ယမန်နေ့က ဖြစ်ပွားခဲ့ရာ ယခုအခါတွင် ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။
"အခုဖြစ်တာက တံတားနံပါတ် (၁၃၆) ပါ။ တံတားကတော့ဘာမှမဖြစ်ဖူး။ ဒါပေမယ့် လုပ်ဆောင်စရာရှိတာတွေကိုတော့ ဒီမနက် (၆) နာရီကနေစပြီးလုပ်ဆောင်နေပါတယ်။ လက်ရှိမှာတော့ မန္တလေးဘက်ချမ်းကစပြီး သဲအိတ်ကြီးတွေစထည့်နေပါတယ်။
အဲသည်လိုပဲရန်ကုန်ဘက်ခြမ်းမှာလဲ ကျောက်ကြီးတွေ ချနေပါတယ်။ ဘယ်လိုဖြစ်လဲဆိုတော့ ဒေသရဲ့မှတ် တမ်းတွေအရ ဒီနေရာက ရေကျော်တတ်တဲ့နေရာ မဟုတ်ပါဘူး။ အခုလိုအခြေအနေတွေကြောင့် ရန်ကုန် ဘက်ကို (၃၅) ပေ သံဘောင်ထပ်ထည့်ဖို့စီစဉ်နေပါတယ်။ ဒီ‌သံဘောင်တွေတင်တဲ့ရထားကတော့ ညနေ (၅) နာရီလောက်မှာ ရောက်မယ်လို့ ခန့်မှန်းထားပါတယ် "ဟု မြန်မာ့မီးရထားမှ အင်ဂျင်နီယာမှူး (မြို့ပြ) ဦးအောင်အောင်ထွန်း တိုင်းအမှတ် (၆) ကပြောသည်။
လက်ရှိတွင် ‌ရန်ကုန်ဘက်၌ ကျောက်ထည့်ခြင်းလုပ်ငန်းမှာ သုံးပုံတစ်ပုံခန့် ပြီးဆုံးနေပြီး မန္တလေးဘက်၌ မြစ်ကြီးနားမှလာသည့်တံတားသံဘောင်များရောက်ပါက သံဘောင်ထည့်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင် ရွက် မည်ဖြစ်သည်။ ရေများပြန်လည်ကျဆင်းသော်လည်း ရေစီးသန်နေသည့်အတွက် လုပ်ငန်းပြီးဆုံးမည့်အခြေအနေအားခန့်မှန်း၍မရနိုင် သေးကြောင်း မြန်မာ့မီးရထား မှသိရသည်။
Ref ; Transcom News Journal

0 comments:

Post a Comment