Friday, August 7, 2020

ကန္တာရကျိုင်းကောင်အန္တရာယ်အတွက် ကင်းထောက်သတိပေးအဖွဲ့ကို မင်းတပ်မြို့ပေါ်နှင့် ကျေးရွာများတွင် ကော်မတီဖွဲ့စည်း

အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့တွင် ကန္တာရကျိုင်းကောင် (Desert Locust)အများအပြားကျရောက်ကာ စိုက်ခင်းများကို ဖျက်စီးလျက်ရှိရာ ချင်းပြည်နယ်သည်လည်း အထူးသတိထားရမည့်ပြည်နယ်တွင် ပါဝင်လျက်ရှိခြင်းကြောင့် မင်းတပ်မြို့နယ်အတွင်းတွင် မြို့ပေါ်နှင့် ကျေးရွာများတွင် ကင်းထောက်သတိပေးအဖွဲ့ကို ဇူလိုင်လအတွင်းက ဖွဲ့စည်းထားလျက်ရှိကြောင်း သိရပါသည်။
အဆိုပါ ကင်းထောက်သတိပေးအဖွဲ့များက ထူးခြားဖြစ်စဉ်များ တွေ့ရှိပါက မြို့နယ်အဆင့် စောင့်ကြည့် သတိပေးအဖွဲ့သို့ လာရောက်အကြောင်းကြားရန် ထုတ်ပြန်ထားကြောင်း မင်းတပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရပါသည်။
မင်းတပ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဇွန်လနှင့် ဇူလိုင်လအတွင်း မင်းတပ်မြို့နယ်ရှိ ပိန်ယောကျေးရွာ၊ မင်းတပ်မြို့အနောက်ရပ်ကွက်၊ ကန်ပက်လက်မြို့နယ် ကျောက်တောင်ကျေးရွာ၊ ဆာဒူးကျေးရွာများတွင် ကွင်းဆင်းခဲ့ရာ၌ ပြောင်းဖူးစိုက်ခင်း၊ ပြောင်းစိုက်ခင်း အနည်းငယ်တွင် ဖောငမြောင်တောင်ပိုးကျရောက်ခြင်းနှင့် ဝဉပင်ညှိုးရောဂါ၊ ချဉ်ပေါင်ပင်များတွင် မှိုကြောင့်ဖြစ်သည့် ရောဂါ၊ နှစ်ရှည်ပင်ဖြစ်သည့် မျောက်ငိုပင်တွင် နှံကောင်အနက်ရောင် ကျရောက်မှုများတွေ့ရှိခြင်းကြောင့် မင်းတပ်ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲမှ ပိုးသတ်ဆေးနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရပါသည်။
>>Zawgyi<<
ကန္တာရကျိုင်းကောင်အန္တရာယ်အတွက် ကင်းထောက်သတိပေးအဖွဲ့ကို မင်းတပ်မြို့ပေါ်နှင့် ကျေးရွာများတွင် ကော်မတီဖွဲ့စည်း
Friday, August 7, 2020
အိမ်နီးချင်း နိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့တွင် ကန္တာရကျိုင်းကောင် (Desert Locust)အများအပြားကျရောက်ကာ စိုက်ခင်းများကို ဖျက်စီးလျက်ရှိရာ ချင်းပြည်နယ်သည်လည်း အထူးသတိထားရမည့်ပြည်နယ်တွင် ပါဝင်လျက်ရှိခြင်းကြောင့် မင်းတပ်မြို့နယ်အတွင်းတွင် မြို့ပေါ်နှင့် ကျေးရွာများတွင် ကင်းထောက်သတိပေးအဖွဲ့ကို ဇူလိုင်လအတွင်းက ဖွဲ့စည်းထားလျက်ရှိကြောင်း သိရပါသည်။
အဆိုပါ ကင်းထောက်သတိပေးအဖွဲ့များက ထူးခြားဖြစ်စဉ်များ တွေ့ရှိပါက မြို့နယ်အဆင့် စောင့်ကြည့် သတိပေးအဖွဲ့သို့ လာရောက်အကြောင်းကြားရန် ထုတ်ပြန်ထားကြောင်း မင်းတပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရပါသည်။
မင်းတပ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဇွန်လနှင့် ဇူလိုင်လအတွင်း မင်းတပ်မြို့နယ်ရှိ ပိန်ယောကျေးရွာ၊ မင်းတပ်မြို့အနောက်ရပ်ကွက်၊ ကန်ပက်လက်မြို့နယ် ကျောက်တောင်ကျေးရွာ၊ ဆာဒူးကျေးရွာများတွင် ကွင်းဆင်းခဲ့ရာ၌ ပြောင်းဖူးစိုက်ခင်း၊ ပြောင်းစိုက်ခင်း အနည်းငယ်တွင် ဖောငမြောင်တောင်ပိုးကျရောက်ခြင်းနှင့် ဝဉပင်ညှိုးရောဂါ၊ ချဉ်ပေါင်ပင်များတွင် မှိုကြောင့်ဖြစ်သည့် ရောဂါ၊ နှစ်ရှည်ပင်ဖြစ်သည့် မျောက်ငိုပင်တွင် နှံကောင်အနက်ရောင် ကျရောက်မှုများတွေ့ရှိခြင်းကြောင့် မင်းတပ်ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲမှ ပိုးသတ်ဆေးနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရပါသည်။

0 comments:

Post a Comment