Monday, August 24, 2020

အင်းတော်မြို့နယ် နဘားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စိတ်ကြွရူးသွပ်ဆေးပြား (၅) သိန်းနီးပါး ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး ၊ အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ကားလမ်း နဘားပူးပေါင်း စစ်ဆေးရေးဂိတ်မှာ ဩဂုတ် (၂၃)ရက် ညပိုင်းက စိတ်ကြွ ရူးသွပ်ဆေးပြား (၅) သိန်းနီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ နဘားပူးပေါင်းစစ်ဆေးရေးဂိတ်မှာ အင်းတော်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး ယာဉ်အဝင်အထွက် စစ်ဆေးနေစဉ် ရွေဘိုဘက်ကနေ မြစ်ကြီးနားဘက်ကို ယာဉ်မောင်း သိန်းသားမောင်းနှင်ပြီး ဂွန်းအောင် ဆိုသူတို့ လိုက်ပါလာတဲ့ SUZUKI အမျိုးအစားယာဉ် တစ်စီးကို ရပ်တန့်ရှာဖွေခဲ့ရာ ယာဉ်နောက်ခန်းအမိုးပေါ်မှာ အံဝှက်လုပ်ပြီး သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား (၁၉၀)ပါ အထုပ် (၃၀)ကိုထည့်ထားတဲ့ အိပ် (၈၄) အိတ်ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
၎င်းကြောင့် မူးယစ်ဆေးဝါး သယ်ဆောင်လာသူ (၂)ယောက်ကို အင်းတော်မြို့မရဲစခန်းက မယ(ပ)၁၄၇/၂၀၂၀၊ မူး/စိတ်ပုဒ်မ-၁၉(က)၊ ၂၀(က)၊ ၂၁ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အင်းတော်မြို့မရဲစခန်း တာဝန်ရှိသူက ပြောကြားချက်အရ သိရပါတယ်။
>>zawgyi<<

0 comments:

Post a Comment