Wednesday, August 26, 2020

ဘားအံမြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသောတရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က ဘားအံမြို့၊ ဘားအံ-ဇာသပြင် လမ်းဆုံအနီး ယာဉ်ဖြတ်သန်းသွားလာမှုများ စစ်ဆေးနေစဉ် ယမန်နေ့ နံနက် ၅ နာရီခန့်တွင် သထုံမြို့ဘက်မှ ဘားအံမြို့ဘက်သို့ ယာဉ်မောင်း မြင့်ဟန် (ဘ) ဦးတင်လှ ကျွန်းသာယာ၊ နယ်မြေ (၇)၊ ပဲခူးမြို့နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် သန်းထွန်းဇော် (ဘ) ဦးငြိမ်းတင် ဘုရင့်နောင်ရပ်ကွက်၊ ပဲခူးမြို့နေသူ လိုက်ပါလာသည့် Strach Grx အမျိုးအစား မော်တာ်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်၌ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မော်တော်ယာဉ်နှင့် ဖမ်းဆီးမိသူများအား တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး ဘားအံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment