Saturday, August 8, 2020

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းက စီနာဘွန်မီးတောင် ပေါက်ကွဲပြန်

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းက စီနာဘွန်မီးတောင်ကနေ မီးတောင်ပေါက်ကွဲမှုထပ်ဖြစ်လာပြန်တာကြောင့် မီးတောင်တဝိုက်မှာနေထိုင်ကြတဲ့ ဒေသခံတွေကို သတိရှိရှိနေကြဖို့ တိုက်တွန်းနှိုးဆော်ထားခဲ့ပြီလို့ သိရပါတယ်။
ယနေ့မှာပဲ စီနာဘွန်မီးတောင်ကပေါက်ကွဲသွားခဲ့တာဖြစ်ပြီး မီးတောင်ဝကနေ ပေ ၆၆၀ဝထိ မီးတောင်ချော်ပြာတွေ ပန်းထွက်နေခဲ့ပြီလို့ သိရပါတယ်။
မီးတောင်နဲ့အနီးတဝိုက်ကမြို့တွေဖြစ်တဲ့ တီရန်၊ ဘီရက်စတာဂီ၊ စင်ပန်နဲ့ မာဒီကာက ဒေသခံတွေကို မီး တောင်ပေါက်ကွဲမှုကြောင့် မီးတောင်အနီးသွားရောက်ရတဲ့ လုပ် ဆောင်မှုမှန်သမျှကို ရှောင်ရှားကြဖို့နဲ့ မီးတောင်ပေါက်ကွဲလှုပ်ရှားမှုနဲ့ပတ်သက်ပြီး အချိန်နဲ့တပြေးညီထုတ်ပြန် ကြေညာချက်တွေကို နားစွင့်ထားကြဖို့ မီးတောင်နဲ့ဘူမိဗေဒဆိုင်ရာဘေးအန္တရာယ်လျှော့ချရေးစင်တာ PVMBGက မူဟာမက်နူရူအက်ဆော်ရီဒီနာမန်က တိုက်တွန်းပြောကြားထားခဲ့ပါတယ်။
စီနာဘွန်မီးတောင်က ရာစုနှစ်လေးခုအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၀ပြည့်နှစ်တုန်းကပြန်လည်လှုပ်ရှားလာခဲ့တဲ့နောက်ပိုင်း မကြာခဏဆိုသလို ပေါက်ကွဲနေခဲ့တာဖြစ်ပြီး ၂၀၁၄ခုနှစ်နဲ့ ၂၀၁၆ခုနှစ်က ပေါက်ကွဲမှုတွေမှာ သေဆုံးသူစုစုပေါင်း ၂၃ဦးရှိခဲ့တယ်လို့သိရပါတယ်။
Ref ; Pyi Myanmar

0 comments:

Post a Comment