Monday, August 24, 2020

ဒေလီမြို့တော်၌ အပြန်အလှန်ပစ်ခတ်မှုအပြီး အိုင်စစ်အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သော အစွန်းရောက် စစ်သွေးကြွ “ တစ်ကိုယ်တော် ဝံပုလွေ” ကို ဗုံးများနှင့်အတူ ဖမ်းဆီးရမိ

ဒေလီမြို့တော်အတွင်း ISIS အိုင်စစ် ခေါ် အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်သူမျာ၏ အမည်နာမဖြင့် အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်လျှက်ရှိကြောင်း သတင်းအရ အိန္ဒိယရဲတပ်ဖွဲ့ဝင်များက မသင်္ကာသူများအား ရှာဖွေလျှက်ရှိသည်။ မြို့တော်တစ်နေရာတွင် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် သံသယရှိသူတစ်ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု ဒေသန္တရသတင်းစာများအား ကိုးကား၍ Russia Today က ယမန်နေ့ ရေးသားသည်။
ဖမ်းဆီးရမိသော အသက် ၃၆-နှစ်အရွယ် “ အဗ္ဗဒူယူဆွတ်ခန် “ မှာ ဒေလီမြို့တော်၌ လူသူအသွားအလာများသော နေရာများတွင် တိုက်ခိုက်ရန် ကြံစည်လျှက်ရှိသည့် “ တစ်ကိုယ်တော် ဝံပုလွေ “ အမည်ရှိ အကြမ်းဖက်သမားဖြစ်ကြောင်း၊ မော်တော်ဆိုင်ကယ် မောင်းနှင်သွားလာနေသော ခန်အား ရဲတပ်ဖွဲ့ဝင်များက ကြားဖြတ်ဟန့်တားရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး ဖမ်းဆီးနိုင်ခဲ့ကြောင်း နယူးဒေလီအထူးရဲတပ်ဖွဲ့ လက်ထောက် ကော်မရှင်နာမင်းကြီးက ပြောဆိုသည်။
ခန်းထံမှ ပြောင်းတိုသေနတ်တစ်လက်နှင့် ၂၀၁၃-ခုနှစ် ဘော်စတွန်မာရသွန်ဗုံးခွဲမှုတွင် အကြမ်းဖက်သမားတို့ အသုံးပြုခဲ့ဖူးသော “ ပရက်ရှာကွတ်ကာ “ ခေါ် ဖိအားသုံးပေါင်းအိုးအား ပေါက်ကွဲစေရန် ဖန်တီးထားသည့် လက်လုပ်ဗုံး ၂-လုံးတို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ဗုံးရှင်းတပ်ဖွဲ့က ဗုံးများအား သက်မဲ့ပြုပြီးဖြစ်သည်ဟု ပြောဆိုသော်လည်း ပစ်ခတ်မှုဖြစ်ပွားစဉ် ရဲတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်ဒါဏ်ရာရရှိခြင်း သတင်း မပါရှိချေ။
အကြမ်းဖက်တိုက်ခိုက်မည့် အစီအစဉ်တွင် ခန်နှင့်အတူ ကြံရာပါများ ရှိနေသည်ဟု သတင်းများကို ရဲတပ်ဖွဲ့ က စိစစ်လျှက်ရှိပြီး ခန်းနေထိုင်ခဲ့ဖူးသည်ဟု ယုံကြည်ရသော မြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်ရှိ ရဲစခန်းအားလုံးတို့ကိုလည်း အမြင့်ဆုံးတပ်လှန့်ထားသည်ဆို၏။ ခန်း၏ ဆွေမျိုးသားချင်းများ နေထိုင်သည့် အဆိုပါပြည်နယ်တွင် ရဲတပ်ဖွဲ့က စစ်ဆင်ရေး ပြုလုပ်လျှက်ရှိကြောင်းနှင့် အိုင်စစ်အကြမ်းဖက်အဖွဲ့ဝင်များအဖြစ် ဒေလီရဲတပ်ဖွဲ့ အထူးယူနစ်က သံသယရှိသူ ၅-ဦး၏ ဓါတ်ပုံကို Hindustan Times သတင်းစာက ဖော်ပြသည်။
အိန္ဒိယအခြေစိုက် Live mint မီဒီယာကမူ ဖမ်းဆီးရမိသော အဗ္ဗဒူယူဆွတ်ခန် ခေါ် မိုဟာမက်မူစတာခင်ခန် နှင့် ဆက်စပ်လျှက် အူတာပရာဒက်ရှ်ပြည်နယ်၊ ၎င်းနေထိုင်ရာ ဘောရမ်ပူရွာမှ လက်လုပ်ဗုံးအများအပြားကို ရဲတပ်ဖွဲ့ က ဖော်ထုတ်နိုင်ခဲ့ကြောင်း ရေးသားသည်။
crd-Oung Marine #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment