

ယမန်နေ့ ဩဂုတ်လ ၁၈ ရက်နေ့ ညပိုင်းက မြဝတီမြို့ အမှတ် ၃ ရပ်ကွက် တောင်မြဝတီကျွန်းတောရပ် ရာအိမ်မှုး ဦးကျော်ခိုင် ဆိုသူသည် ၎င်း၏ရုံးတွင် တိုင်မှာကြိုးချည်၍ လက်ပြန်ကြိုးတုပ် ၊ ပါးစပ်အား အဝတ်ဖြင့်စည်းသိပ်၍ တစ်ညလုံး ဖမ်းဆီးချုပ်နှောင်ခံရပြီး သတိလစ်မေ့မြောနေကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ မနက်ပိုင်းတွင် မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့၎င်းနှင့်နီးစပ်သည့် ဆွေမျိုးများမှ သိရှိပြီး ပို့ဆောင်၍ ဆေးဝါးကုသမှုခံယူနေကြောင်း သိရပြီး တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။




Crd : နေနော်(မြဝတီ)
0 comments:
Post a Comment