Friday, August 21, 2020

တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေဟာ ထိုင်ဝမ်ပြည်သူတွေရဲ့ စိတ်ဓါတ်ပိုခိုင်မာစေရုံသာဖြစ်စေကြောင်း ထိုင်ဝမ် ဆို

တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ရဲ့ ကိုယ့်ကိုယ်ကိုကာကွယ်ရေး ခိုင်မာတဲ့စိတ်ပိုင်းဖြတ်ချက်ကို လျှော့မတွက်သင့်ကြောင်းနဲ့ တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေဟာ ထိုင်ဝမ်ပြည်သူတွေရဲ့ စိတ်ဓါတ်ပြတ်သားမှုတွေ ပိုခိုင်မာစေရုံသာဖြစ်မှာဖြစ်ကြောင်း တရုတ်ရဲ့ အကြိမ်ကြိမ် ခြိမ်းခြောက်နေမှုတွေအပေါ် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဗီဒီယိုဖိုင်တစ်ခုနဲ့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ပေကျင်းက ၎င်းတို့အချုပ်အချာ ပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့ ဒီမိုကရက်တစ် ကျွန်းဒေသတစ်ဝိုက်မှာ တရုတ်က စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်နေခဲ့ပါတယ်။ တိုင်ပေကို အမေရိကန် ကျန်းမာရေးဝန်ကြီး ရောက်ရှိနေခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က အပါအဝင် တရုတ်ဟာ ထိုင်ဝမ်အနီးကို တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ စေလွှတ်ကာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
“ထိုင်ဝမ်က ရန်စမှာ မဟုတ်သလို ပျော့ညံ့ပုံလည်း ပြမှာ မဟုတ်ပါဘူး၊ ထိုင်ဝမ်ကို ကာကွယ်ဖို့ကျွနု်ပ်တို့ရဲ့ စိတ်ပိုင်းဖြတ်ချက်အပေါ် လုံး၀ ပေါ့ပေါ့လေး မတွက်ဆပါနဲ့” လို့ ဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။
စိတ်ကြီးအဝင်ဆုံးနိုင်ငံဟာ စစ်ပွဲကို လွယ်လွယ်စလိုက်နိုင်ပြီး အမိုက်အမဲဆုံး အစိုးရဟာ စစ်မီးတောက်ထဲ ကျရောက်သွားနိုင်ကြောင်း၊ တရုတ်ရဲ့ ရန်စမှုတွေ၊ ခြိမ်းခြောက်မှုတွေဟာ ထိုင်ဝမ်ပြည်သူတွေကို ပိုမိုစည်းလုံးစေမှာသာဖြစ်ကာ တရုတ်ကွန်မြူနစ်တို့ရဲ့ စစ်ဝါဒကို အသိအမှတ်ပြုမှုသာ ဖြစ်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
crd-အကုန်သိ #Myanmar_Online_News
>>zawgyi<<
တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေဟာ ထိုင်ဝမ်ပြည်သူတွေရဲ့ စိတ်ဓါတ်ပိုခိုင်မာစေရုံသာဖြစ်စေကြောင်း ထိုင်ဝမ် ဆို
Friday, August 21, 2020
တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ရဲ့ ကိုယ့်ကိုယ်ကိုကာကွယ်ရေး ခိုင်မာတဲ့စိတ်ပိုင်းဖြတ်ချက်ကို လျှော့မတွက်သင့်ကြောင်းနဲ့ တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေဟာ ထိုင်ဝမ်ပြည်သူတွေရဲ့ စိတ်ဓါတ်ပြတ်သားမှုတွေ ပိုခိုင်မာစေရုံသာဖြစ်မှာဖြစ်ကြောင်း တရုတ်ရဲ့ အကြိမ်ကြိမ် ခြိမ်းခြောက်နေမှုတွေအပေါ် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဗီဒီယိုဖိုင်တစ်ခုနဲ့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ပေကျင်းက ၎င်းတို့အချုပ်အချာ ပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့ ဒီမိုကရက်တစ် ကျွန်းဒေသတစ်ဝိုက်မှာ တရုတ်က စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်နေခဲ့ပါတယ်။ တိုင်ပေကို အမေရိကန် ကျန်းမာရေးဝန်ကြီး ရောက်ရှိနေခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က အပါအဝင် တရုတ်ဟာ ထိုင်ဝမ်အနီးကို တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ စေလွှတ်ကာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
“ထိုင်ဝမ်က ရန်စမှာ မဟုတ်သလို ပျော့ညံ့ပုံလည်း ပြမှာ မဟုတ်ပါဘူး၊ ထိုင်ဝမ်ကို ကာကွယ်ဖို့ကျွန်ုပ်တို့ရဲ့ စိတ်ပိုင်းဖြတ်ချက်အပေါ် လုံးဝ ပေါ့ပေါ့လေး မတွက်ဆပါနဲ့” လို့ ဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။
စိတ်ကြီးအဝင်ဆုံးနိုင်ငံဟာ စစ်ပွဲကို လွယ်လွယ်စလိုက်နိုင်ပြီး အမိုက်အမဲဆုံး အစိုးရဟာ စစ်မီးတောက်ထဲ ကျရောက်သွားနိုင်ကြောင်း၊ တရုတ်ရဲ့ ရန်စမှုတွေ၊ ခြိမ်းခြောက်မှုတွေဟာ ထိုင်ဝမ်ပြည်သူတွေကို ပိုမိုစည်းလုံးစေမှာသာဖြစ်ကာ တရုတ်ကွန်မြူနစ်တို့ရဲ့ စစ်ဝါဒကို အသိအမှတ်ပြုမှုသာ ဖြစ်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
crd-အကုန္သိ #Myanmar_Online_News

0 comments:

Post a Comment