Monday, August 24, 2020

ကျိုက်ထိုမြို့နယ်အတွင်း တရားမဝင်ခိုးဝင်လာသည့် တရုတ်နိုင်ငံသား အမျိုးသား ၄ ဦး ဖမ်းဆီးရမိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဖြတ်သန်းသွားလာလျက်ရှိသည့်ယာဉ်နှင့်လူများအားစစ်ဆေးလျက်ရှိစဉ် ဩဂုတ် ၂၃ ရက် ညနေ ၄ နာရီခန့်၌ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မှ ကျိုက်ထိုမြို့ဘက်သို့ ယာဉ်မောင်း ဇော်မျိုးမင်း မောင်းနှင်လာသည့် Mark-II အမျိုးအစား အငှားယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် တရားမဝင်ခိုးဝင်လာသော တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးအား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားမဝင်ခိုးဝင်လာသည့် တရုတ်နိုင်ငံသားများနှင့် ယာဉ်မောင်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment