Tuesday, August 18, 2020

တောင်ကိုရီးယားမှာ ဘုရားကျောင်းအဖွဲ့ဝင် ထောင်နဲ့ချီ ကွာရန်တင်းဝင်ရောက်ရ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ဘာသာရေးဆိုင်ရာ အစုအဖွဲ့နဲ့ ဆက်စပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိနေတာကြောင့် ဆိုးလ်မြို့ရှိ ခရစ်ယာန် ဘုရားကျောင်းအဖွဲ့ဝင် ထောင်နဲ့ချီကို ကွာရန်တင်းဝင်ရောက်စေခဲ့ကြောင်း တောင်ကိုရီးယား အာဏာပိုင်များက သြဂုတ်လ ၁၇ ရက်နေ့မှာ ပြောကြားပါတယ်။
တောင်ကိုရီးယားတွင် ကူးစက်မှု အသစ်တွေ ထပ်မံတွေ့ရှိလာရတာကြောင့် ဒုတိယလှိုင်း ဗိုင်းရပ်စ်ကူးစက်မှု စတင်လာမှာကို ကြောက်ရွံ့ကာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ မြို့တော်နဲ့ အိမ်နီးချင်း Gyeonggi ပြည်နယ်ရှိ ဘာသာရေး စုဝေးမှုအားလုံး ပိတ်သိမ်းလိုက်ပြီး ဒေသခံတွေကိုလည်း မလိုအပ်ဘဲ ခရီးသွားလာခြင်းတွေ မပြုလုပ်ကြဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ဖော်ပြတဲ့ အစိုးရမှတ်တမ်းအရ နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်လူနာ ၁၉၇ ဦးထပ်တိုးပြီး အခုဆိုရင်တော့ ပိုးကူးစက်လူနာ စုစုပေါင်း ၁၅၇၆၁ ဦး ရှိလာခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအခြေအနေကို ကြီးမားတဲ့ ဗိုင်းရပ်စ်ကူးစက်မှုရဲ့ ရှေ့ပြေးအဆင့်တစ်ခုအဖြစ် မြင်မိကြောင်း၊ လတ်တလော ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုတွေကို ထိန်းချုပ်နိုင်ခြင်း မရှိရင် ကူးစက်ပျံ့ပွားမှုနှုန်းတွေ မြင့်တက်လာပြီး ဆေးဘက်ဆိုင်ရာ နည်းပညာစနစ်တွေ ပြိုလဲကာ စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေနိုင်ကြောင်း ကိုရီးယားနိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး စင်တာ ( KCDC ) မှ ဒါရိုက်တာ Jeong Eun- kyeong က ပြောကြားခဲ့ပါတယ်။
လက်တလောအကြီးမားဆုံး ဗိုင်းရပ်စ်ကူးစက်မှု အစုအဖွဲ့ဟာ ဆိုးလ်မြို့ရှိ Sarang Jeil ဘုရားကျောင်းမှဖြစ်ပြီး အဆိုပါ ဘုရားကျောင်းနဲ့ ဆက်စပ်တဲ့ ဗိုင်းရပ်စ်ကူးစက်လူနာ ၃၂၀ နီးပါးအထိ ရှိကာ ဘုရားကျောင်းအဖွဲ့ဝင် ၃၄၀၀ ဝန်းကျင်ကို ကွာရန်တင်းထားရှိလိုက်ပြီ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။
crd-အကုန်သိ #Myanmar_Online_News
>>zawgyi<<

crd-အကုန္သိ #Myanmar_Online_News

0 comments:

Post a Comment