Tuesday, August 11, 2020

ဥရုချောင်းရေ မြင့်တက်လာသဖြင့် နေအိမ်တချို့ရေနစ်မြုပ်လာပြီး ဘေးလွတ်ရာသို့ ရွေ့ပြောင်း

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာအုပ်စု ရွှေပြည်မြင့်ကျေးရွာတွင် ဥရုချောင်းရေ ရုတ်တရက်မြင့်တက်လာသဖြင့် နေအိမ်အချို့ ရေနစ်မြုပ်လျှက်ရှိသည်ဟုသိရသည် ။
ဩဂုတ်လ ၁၁ ရက်နေ့ မနက်ပိုင်းအချိန် ဥရုချောင်းအထက်ပိုင်းရှိ ဟောင်ပါး တာမခံ ဆိုင်းတောင်ဘက် မိုး ကောင်းပြီး ဥရုချောင်းရေမြင့်တက်လာသဖြင့် အိမ်ခြေ(၂၆) လုံး ရေနှစ်မြုတ်ပြီး လူဦးရေကျား(၄၅)ဦး ၊ မ (၆၉) ဦး ရေဘေးဒုက္ခကြုံတွေ့နေသဖြင့် ရေလွတ်သည့် နီးစပ်ရာ ဆွေမျိုးမိတ်ဆွေများအိမ်တွင် အကူအညီတောင်းကာနေထိုင်ကြရသည်ဟုသိရသည် ။
ရေဘေးဒုက္ခကြုံတွေနေသူများအား ကျေးရွာ မူလတန်းလွန်ကျောင်းတွင် ထားရှိနိုင်ရန် ကျေးရွာအုပ်ချုပ်ရေးအဖွဲမှဆောင်ရွက်လျှက်ရှိပြီး ဥရုချောင်းရေမှာ ဆက်လက်မြင့်တက်နေသဖြင့်ရဲအုပ် သူရိန်အောင်မှ ဦးစီးပြီး ရဲတပ်ဖွဲ့ဝင်များ အုပ်ချုပ်ရေးတာဝန်ရှိသူများဖြင့် စောင့်ကြည့် ဆောင်ရွက်လျှက်ရှိသည်ဟုသိရသည် ။
Source - The First Weekly News Journal

0 comments:

Post a Comment