Thursday, August 20, 2020

ရခိုင်မှာ ကူးစက်ရောဂါပန်ကြားချက်ကို ဘင်္ဂလီဘာသာဖြင့်ပါ ဆောင်ရွက်မည်ဟု ကျန်းမာရေးဝန်ကြီးပြော

COVID-19 ရောဂါ ဒုတိယလှိုင်းမဖြစ်စေရေးအတွက် ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်များရှိ ပြည်သူများသို့ ပန်ကြားချက်များကို ဘင်္ဂလီဘာသာဖြင့်ပါ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆိုလိုက်ပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် နေပြည်တော်မှာ မြန်မာနိုင် ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံရုံးရဲ့ ယာယီတာဝန်ခံ Mr. Rurik Marsden အား လက်ခံတွေ့ဆုံခဲ့စဉ်မှာ ယခုလို ပြောဆိုခဲ့ တာဖြစ်ပါတယ်။
ဆက်လက်ပြီး COVID-19 ရောဂါ ဒုတိယလှိုင်းမဖြစ်စေရေးအတွက် ရခိုင်ပြည်နယ်အတွင်း မြို့နယ်များရှိ ပြည်သူ များသို့ ပန်ကြားချက်များကိုလည်း လက်ကိုင်အသံချဲ့စက်များနဲ့ ကြေညာခြင်းကို သက်ဆိုင်ရာဌာနများနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ကူးစက်ရောဂါဗေဒပညာရှင် ညွှန်ကြားရေးမှူး(ကူးစက်)ဦးဆောင်သည့် ဗဟိုကွင်းဆင်းအဖွဲ့ကို ရခိုင်ပြည် နယ်သို့ စေလွှတ်ထားပြီး ပြည်နယ်မှ ပညာရှင်များနဲ့ ပူးပေါင်းဆောင်ရွက်နေသလို စစ်တွေမြို့သို့ GeneXpert စက် (၁) လုံး ထပ်မံပေးပို့ပြီး ဓာတ်ခွဲစစ်ဆေးမှုများ တိုးမြှင့် လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
ထို့နောက် စစ်တွေမြို့မှ ဓာတ်ခွဲနမူနာများကို စစ်တွေမြို့မှာ GeneXpert စက်အသုံးပြုကာ COVID-19 စစ်ဆေးမှု များ ပြုလုပ်နေပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ ထပ်မံတိုက်ဆိုင်စစ်ဆေးလျက်ရှိတာ လည်း ဖြစ်ပါတယ်။
Ref ; MyanmaPlatform

0 comments:

Post a Comment