Wednesday, August 5, 2020

မဲစာရင်းများမှားယွင်းမှုသည် ရွေးကောက်ပွဲကော်မရှင်၏ ညံ့ဖျင်းမှုဖြစ်ကြောင်း ကရင်ပြည်သူ့ပါတီ အမတ်လောင်း ပဒိုမန်းငြိမ်းမောင် ပြောဆို

တိုင်းဒေသကြီး/ပြည်နယ်များ၌ မဲပေးခွင့်ရှိသူများသည် မဲစာရင်း၌ ပါဝင်လာမှုမရှိမှု၊မဲစာရင်း မှားယွင်းမှုသည် ရွေးကောက်ပွဲကော်မရှိ၏ ညံံဖျင်းမှုသာဖြစ်ကြောင်း ကရင်ပြည်သူ့ပါတီ အမတ်လောင်း ပဒိုမန်းငြိမ်းမောင်ပြောဆိုလိုက်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မဲစားရင်းထုတ်ပြန်ရာ၌ သေသောသူများ ပြန်၍ ပါဝင်လာခြင်း၊မဲပေးခွင့်ရှိသူများ မဲစာရင်း၌ ပါဝင်မှု မရှိခြင်းများ ဖြစ်ပေါ်လျက်ရှိပါတယ်။လာမည့် ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူ (၃၇)သန်းကျော်ပြီး ပထမ အကြိမ်မဲစာရင်းကို ဇူလိုင်၂၅ရက်မှ သြဂုတ်လရရက်နေ့အထိ ရက်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ထုတ်ပြန်ပေးလျက်ရှိပါတယ်။
“မဲစာရင်းတွေ ဒီလောက်မှားတယ်ဆိုရင်တော့တစ်ခွန်းထဲနဲ့ပြောရင်တော့ ညံ့ဖျင်းလို့ပေါ့ဗျ။ လူဆိုတာ ကိုယ် လုပ်နေတဲ့အလုပ်ကိုယ်သိရမယ်။နားလည်ဖို့လိုမယ်။ကျွမ်းကျင်ဖို့လိုမယ်။ ဒါမကျွမ်းကျင်လို့။တစ်ခုကတော့တခြားပယောဂတွေလည်းပါရင်ပါမှာပေါ့’’ဟု ၎င်းကပြောပါတယ်။
“မဲစာရင်းမှာ တိုင်းရင်းသားအမည်တွေကို ဦးတွေဒေါ်တွေတပ်တာ ဒါကအစိုးရရဲ့ ပေါ်လစီနဲ့ဆိုင်တယ်။တိုင်း ရင်းသားတွေ ရိုးရာယဉ်ကျေးမှုနာမည် ဒါတွေနားလည်ဖို့လိုတယ်။ရှမ်းဆိုရှမ်းပေါ့။နော်ခမ်းပေါ့။တိုင်းရင်း သားတွေအမှတ်အသားသင်္ကေတတွေကိုတော့ တန်ဖိုးထားစေချင်တယ်။သိစေချင်တယ်။ဒါတွေကကြည့်တော့တာဘာမှမဟုတ်တာ။တိုင်းရင်းသားတွေရင်ထဲမကောင်းဘူး’’ဟု တိုင်းရင်းသားများကိုမဲစာရင်းတွင် ဗမာအခေါ်အဝေါ်များတပ်ခြင်းအပေါ် ပဒိုမန်းငြိမ်းမောင်ကထပ်မံပြောပါတယ်။
ပဒိုမန်းငြိမ်းမောင်သည် လာမည့်ရွေးကောက်ပွဲ၌ ဧရာဝတီတိုင်း၊ပန်းတနော်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နေရာမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပါတယ်။
Ref ; People Media

0 comments:

Post a Comment