Wednesday, August 12, 2020

စစ်ကိုင်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက စည်ပင်ခွင့်ပြုမိန့် အတုလုပ်ကာ ငွေကျပ်သိန်း(၃၇၀)ကျော် လိမ်တောင်းမှု ဖြစ်ပွား

စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ အဆောက်အဦး ဆောက်လုပ်ခွင့် ဆိုင်းဘုတ်နှင့် ဘဏ်သွင်းချလံများ အတုပြုလုပ်ကာ အဆောက်အဦးသစ် တည်ဆောက်သူထံမှ ငွေကျပ်သိန်း(၃၇၀)ကျော် လိမ်လည်တောင်းယူခဲ့သည့် စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက် အုပ်ချုပ်ရေးမှုးကို အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်အတွင်း တရုတ်နိုင်ငံသားပိုင် သုံးထပ်အမြင့် ဖုန်းအပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်မှုနှင့် ပတ်သက်၍ စည်ပင်သာယာ အဆောက်အဦး ဆောက်လုပ်ခွင့် ဆိုင်းဘုတ်နှင့် ဘဏ်သွင်းချလံများ အတုပြုလုပ်ကာ ငွေကျပ် (၃၇၄)သိန်းကျော် လိမ်လည်တောင်းယူသည့် စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်သိန်း ဆိုသူကို စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာမှူး ဦးတင်မောင်စိုးမှ တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀/၄၆၈ (လိမ်လည်မှု၊ လိမ်လည်အတုပြုလုပ်မှု) ဖြင့် အရေးယူပေးရန် စစ်ကိုင်းမြို့မရဲစခန်း၌ ဩဂုတ်(၁၁)ရက်က အမှုဖွင့် တိုင်ကြားထားခြင်း ဖြစ်ကြောင်း စစ်ကိုင်းမြို့ရဲစခန်းနှင့် စည်ပင် တာဝန်ရှိသူများက ပြောသည်။
စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဝင်းနိုင်နှင့် စည်ပင် အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူများသည် သြဂုတ်(၆)ရက်က စစ်ကိုင်းစက်မှုဇုန်၊ ပတ္တမြားရပ်ကွက်အတွင်းရှိ ဆောက်လုပ်ဆဲ အဆောက်အဦးတစ်ခုအား ဝင်ရောက်စစ်ဆေးရာမှ စည်ပင်သာယာ ခွင့်ပြုချက် ဆိုင်းဘုတ်အတုဖြင့် တည်ဆောက်နေခြင်း ဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။
ထိုသို့ ခွင့်ပြုမိန့်အတုဖြင့် အဆောက်အဦး တည်ဆောက်နေမှုနှင့် ပတ်သက်၍ ကုမ္မဏီတာဝန်ရှိသူများကို မေးမြန်းရာ ယင်းခွင့်ပြုမိန့်ဆိုင်းဘုတ် ရရှိရန်အတွက် ပတ္တမြားရပ်ကွက် အုပ်ချုပ်ရေးမှုးမှ တာဝန်ယူ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းနှင့် ငွေကျပ်သိန်း(၃၇၀)ကျော် ပေးဆောင်ရကြောင်း ပြန်လည်ဖြေကြားသည်ဟု ဆိုသည်။
ထိုသို့ စည်ပင်ဝန်ထမ်း အယောင်ဆောင်ပြသ၍ စည်ပင်သာယာရေး ကော်မတီ၏ အဆောက်အဦး ဆောက်လုပ်ခွင့် ခွင့်ပြုချက် ဆိုင်းဘုတ်နှင့် ဘဏ်သွင်းငွေ ချလံများအား အတုပြုလုပ်ခဲ့ကာ ငွေကျပ်သိန်း(၃၇၀)ကျော် လိမ်လည်ရယူခဲ့သည့် စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အမည်မသိ လူနှစ်ဦးတို့ကို စစ်ကိုင်းမြို့မရဲစခန်း၌ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ ပတ္တမြားရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးအောင်ဇော်သိန်းအား ဩဂုတ်(၁၁)ရက် ညပိုင်းတွင် ဖမ်းဆီးခဲ့ပြီး စည်ပင်ဝန်ထမ်း အယောင်ဆောင်ခဲ့သည့် အမည်မသိ လူနှစ်ဦးကို စုံစမ်းနေကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
“ဒီအဆောက်အဦးက တယ်လီဖုန်းကြိုးထုတ်တဲ့ စက်ရုံလို့ပြောတယ်။ စက်ရုံတည်ဆောက်နေတာက ကျွန်တော်တို့ဆီမှာ စာရင်း ဝင်ထားပြီးပြီလို့ သိထားတာပေါ့။ ကျွန်တော်တို့ ကွင်းဆင်းချိန်မှာ အဆောက်အဦးကို ဝင်စစ်တာ။ တာဝန်ခံက သူတို့အနေနဲ့ စည်ပင်ကို ပေးသွင်းရမယ့် ကြီးကြပ်ခ၊ အခွန်အခတွေ ပေးပြီးပါပြီ။ ခွင့်ပြုမိန့်တွေလည်း ရှိပါတယ်ဆိုပြီး ထုတ်ပြတဲ့အချိန်မှာ ခွင့်ပြုမိန့်က ကျွန်တော်တို့ ထုတ်ပေးထားတာ မဟုတ်ဘဲ အတုဖြစ်နေတာပေါ့”ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဝင်းနိုင်က ရှင်းပြသည်။
၎င်းတို့အနေဖြင့် စည်ပင်သာယာ ရသင့်ရထိုက်သည့် အခွန်အခများ ရရှိနိုင်ရန်၊ လုပ်ငန်းဆောင်ရွက်မှုများ စနစ်ကျစေရန်အတွက် ရပ်ကွက်အလိုက်၊ လမ်းအလိုက် ခွဲခြားကာ လစဉ်၊အပါတ်စဉ် ပုံမှန် စစ်ဆေးလေ့ရှိပြီး ယခုကဲ့သို့ အတုပြုလုပ်ကာ ငွေကြေးလိမ်လည်မှုနှင့်ပတ်သက်၍ ၎င်းတို့တာဝန်ယူသည့် သက်တမ်းလေးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ကြုံရခြင်း ဖြစ်သည်ဟု ဦးဝင်းနိုင်က ပြောသည်။
အထက်ပါ အဆောက်အဦး တည်ဆောက်မှုအတွက် စည်ပင်သာယာသို့ အမှန်တကယ် ပေးသွင်းရမည့် ပမာဏမှာ ကျပ်သိန်း(၂၀၀)ကျော်ဖြစ်ပြီး အဆိုပါ အဆောက်အဦး ဆောက်လုပ်မှုနှင့်ပတ်သက်၍ စည်ပင်သာယာသို့ ဒဏ်ကြေးငွေ ပေးဆောင်စေကာ ဆက်လက်တည်ဆောက်ခွင့်ပြုမည်ဟု ဦးဝင်းနိုင်က ဆိုသည်။
crd-mandalayindepthnews #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment