Friday, August 14, 2020

ပီရူးနိုင်ငံတွင် ကလေးငယ်များ ကိုရိုနာဗိုင်းရပ်စ်ကူစက်မှု မြင့်တက်

ပီရူးနိုင်ငံမှာ ကလေးငယ်တွေနဲ့ ဆယ်ကျောက်သက်အရွယ်တွေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုဟာ (၇၅) ရာ ခိုင်နှုန်း မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေမြင့်တက်လာခဲ့ပြီးနောက်၊ အထူးသဖြင့် ကလေးငယ်တွေဆီမှာ ကူးစက်မှုတွေ ပိုမြင်တွေ့လာရပြီးနောက်ပိုင်း ပီရူးအာဏာပိုင်တွေက လော့ဒေါင်းစည်းကမ်းသစ်တွေ ချမှတ်ခဲ့ရပါတယ်။သမ္မတ Martin Vizcarra ကလည်း ဒေသအချို့နဲ့ ပြည်နယ်အချို့ကို လော့ဒေါင်းချထားဖို့ ညွှန်ကြားထားပါတယ်။
ပီရူးအစိုးရဟာ လော့ဒေါင်းစည်းကမ်းချက်တွေကို ပြီးခဲ့တဲ့ ဇူလိုင်လ(၁)ရက်နေ့က ပြန်လည်ဖြေလျှော့ပေး လိုက်တာဖြစ်ပြီး၊ ကူးစက်မှု မြင့်တက်လာတွေ့ မြင်တွေ့ရတာကြောင့် လော့ဒေါင်းစည်းကမ်းတွေပြန်ချထားရပါတယ်။
ထုတ်ပြန်ချက်စည်းကမ်းတွေအရ လူစုလူဝေးနဲ့ မိသားစုတွေစုစည်းတာကိုလည်း တားမြစ်မှာဖြစ်ပါတယ်။ ဒါ့အပြင် အသက် (၁၄)နှစ်အောက် ကလေးငယ်တွေဟာ အိမ်ကနေ နာရီဝက်ကြာပဲ အပြင်ထွက်ခွင့်ပေးမှာဖြစ်ပြီး၊ စောင့်ရှောက်သူတစ်ယောက် လိုက်ပါရမှာဖြစ်ပါတယ်။
ပီရူးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး စဖြစ်ချိန်ကစလို့ ကလေးငယ်ပေါင်း (၂၃၀၀၀)ဟာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး၊ (၈၁)ဦး သေဆုံးခဲ့ရတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပေးပါတယ်။ ပီရူးနိုင်ငံမှာ သြဂုတ်လကုန်အထိ နိုင်ငံအရေးပေါ်အခြေအနေကြေညာထားပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment