Friday, August 14, 2020

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီလုပ်ငန်းများ သတ္တိရှိရှိ ဆောင်ရွက်လိုလျှင် နိုင်ငံခြားရေးဝန်ကြီးနှင့် ပြ ည်ထောင်စုအဆင့်ဝန်ကြီးတာဝန်များကို နှုတ်ထွက်သင့်ကြောင်း ပြန်ကြားရေးဝန်ကြီး(ငြိမ်း) ဦးရဲထွဋ်ဆို

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံတို့သည် ပါတီလုပ်ငန်းဆောင်ရွက်နေမှုအပေါ် တည်ဆဲဥပဒေ များနှင့် ညီညွှတ်မှုရှိ-မရှိ ကိစ္စရပ်များအပါအဝင် ကော့မှူးအမတ်လောင်း ဦးဌေးအောင်မှ NLD ပါတီအပေါ် စွပ်စွဲတိုက်ခိုက်နေမှုများနှင့်ပတ်သက်ပြီး NLD ပါတီမှ အရေးယူမှုမရှိသည့် ဖြစ်စဉ်များအပေါ် ပြန်ကြားရေးဝန်ကြီး(ငြိမ်း)ဦးရဲထွဋ်မှ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီလုပ်ငန်းများ သတ္တိရှိရှိ ဆောင်ရွက်လိုလျှင် နိုင်ငံခြားရေးဝန်ကြီးနှင့် ပြည်ထောင်စု အဆင့်ဝန်ကြီးတာဝန်များကို နှုတ်ထွက်သင့်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့တုန်းကတော့ နှစ်ဖက်ဝိရောဓိ ဖြစ်နေတဲ့ကြားထဲမှာ ကျင့်ဝတ်အနေနဲ့ ကျင့်သုံးခဲ့တယ်။ တကယ်တန်းအကြံပြုချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီလုပ်ငန်းများကို သတ္တိရှိရှိလုပ်ချင်တယ်ဆိုရင် နိုင်ငံ ခြားရေးဝန်ကြီးရာထူးကနေထွက်လိုက် သမ္မတရုံးဝန်ကြီးနေရာကနေနှုတ်ထွက်လိုက် အဲ့ဒီလို ထွက်လိုက်ပြီး တော့မှ အတိုင်ပင်ခံရာထူးနဲ့လုပ်ချင်ရင်လုပ်” လို့ ပြန်ကြားရေးပြည်ထောင်စုဝန်ကြီး (ငြိမ်း)ဦးရဲထွဋ် ပြေားကြားခဲ့ခြင်းဖြစ်ပါသည်။
Source -People Media

0 comments:

Post a Comment