Saturday, August 8, 2020

အင်းတော်မြို့နယ်တွင် တောင်ကျချောင်းရေကြောင့် တံတားနှစ်စင်းမျှောပါပျက်စီးမူဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာရွာသွန်းမူကြောင့် သြဂုတ်လ ၈ ရက် နံနက်ပိုင်းက အင်းတော်မြို့နယ် နားဖာ-ဆားမှော်ကျေးရွာချင်းဆက် သစ်သားတံတားနှင့် နမီး-ကွင်းငို့ ကျေးရွာချင်းဆက် ပျဉ်ခင်းတံတား သည် တောင်ကျရေကြောင့် မျှောပါပျက်စီးမူဖြစ်ပွားခဲ့ကြောင်း့ အင်းတော်မြို့နယ် မီးသတ်စခန်းမှ သိရသည်။
မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် နမီးချောင်းအတွင်း တောင်ကျရေများ စီးဝင်လာကာ ချောင်းရေလျှံမှု ဖြစ်ပွားပြီး တံတားများမျှောပါ ပျက်စီးခဲ့ခြင်းဖြစ်ကာ ကျေးရွာအတွင်းမှ လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိ ကြောင်း သိရသည်။
နားဖာ-ဆားမှော် ကျေးရွာချင်းဆက် သစ်သားတံတားသည် အရှည် ၂၂၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၃၅ ပေ အရှည်ရှိပြီး၊ ပေ ၁၅၀ ခန့် ရေထဲမျှောပါသွားခဲ့သဖြင့် ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၈၀ ခန့် ရှိခဲ့ကြောင်းနှင့် နမီး-ကွင်းငို့ ကျေးရွာချင်းဆက် ငြိမ်းချမ်းရေးစုပေါင်းညီညာ အုတ်ခုံခံ ပျဉ်ခင်း တံတားသည် အကျယ် ၁၇၀ ပေ၊ အကျယ် ၁၃ ပေ၊ အမြင့် ၃၅ ပေ ရှိပြီး အရှည်ပေ ၁၄၀ ခန့် ရေထဲမျှောပါသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
နမီး-ကွင်းငို့ ကျေးရွာချင်းဆက် ငြိမ်းချမ်းရေးစုပေါင်းညီညာ တံတားသည် နမီးကျေးရွာအုပ်စု မြစိမ်းရောင် ရန်ပုံငွေမှ အတိုး စုဆောင်းရရှိငွေ ကျပ် ၇၄ သိန်း၊ ပြည်သူလူထုထည့်ဝင်ငွေ ကျပ် ၄၇၆ သိန်းတို့ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ပြီး၊ ရေထဲမျှောပါမှုကြောင့် စုစုပေါင်း ကျပ် သိန်း ၅၅၀ တန်ဖိုးခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်းသိရသည်။
Ref ; Pyi Myanmar

0 comments:

Post a Comment