Wednesday, August 12, 2020

ဖိလစ်ပိုင်သမ္မတက ရုရှားထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်ခံရန်အသင့်ရှိဟု ပြောကြား

ဖိလစ်ပိုင်သမ္မတ ရော့ဒရီဂိုဒူတာတေးက ရုရှားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF) က ထုတ်လုပ်ခဲ့သော ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်မျိုးကို လက်တွေ့စမ်းသပ်ရာတွင် ပထမဆုံးပါဝင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည့်ဟု သိရသည်။
“ကျွန်တော် ရုရှားသမ္မတ ပူတင်ကို ပြောချင်တာကတော့ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရာမှာ ကြီးမားတဲ့ ယုံကြည်မှုရှိပြီး ရုရှား နိုင်ငံကထုတ်လုပ်တဲ့ ကာကွယ်ဆေးက လူသားတွေအတွက် တကယ်ကို ကောင်းမွန်ပါတယ်။ ကာကွယ်ဆေး လက်တွေ့စမ်းသပ်မယ်ဆိုရင် ကျွန်တော် အစမ်းသပ်ခံမယ့် ပထမဆုံးလူဖြစ်နိုင်ပါတယ်” ဟု ဒူတာတေး က ပြောကြားခဲ့သည်။
ယခုလအတွင်း ဖိလစ်ပိုင်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် လက်တွေ့ စမ်းသပ်မှုများ လုပ်ဆောင်ရန်အသင့်ရှိဟု RDIF အမှုဆောင်အရာရှိချုပ် ကီရေးလ်ဒီမီထရီးယက်ဗ်က ပြောကြားခဲ့သည်။ ကိုဗစ်-၁၉ ကာကွယ် ဆေးနှစ်မျိုး လက်တွေ့စမ်းသပ်မှုကို ရုရှားနိုင်ငံ၌ ဇွန် ၁၈ ရက်တွင် အဖွဲ့အစည်းနှစ်ခု၌ စတင်ခဲ့ပြီး စမ်းသပ်မှုတွင်ပါဝင်သူ ၃၈ ဦးစလုံး ဗိုင်းရပ်စ်ပိုးခံနိုင်ရည်ရှိကာ ပထမအသုတ်ကို ဇူလိုင် ၁၅ ရက်၊ ဒုတိယ အသုတ်ကို ဇူလိုင် ၂၀ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ ၁၃၆၀၀၀ ကျော်နှင့် သေဆုံးသူ ၂၂၉၄ ဦးရှိသည်။ ဖိလစ်ပိုင်နိုင်ငံ၌ နေ့အလိုက် ဗိုင်းရပ်စ် ကူးစက်သူမှာ ၇၀၀၀ နီးပါးရှိပြီး ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက်နှင့် ဒေသတွင်း အမြင့်ဆုံးကူးစက်မှုနှုန်း ဖြစ်လာခဲ့သည်။
crd-The Mirror Daily #Myanmar_Online_News
>>Zawgyi<<
ဖိလစ်ပိုင်သမ္မတက ရုရှားထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်ခံရန်အသင့်ရှိဟု ပြောကြားခဲ့
Wednesday, August 12, 2020
ဖိလစ်ပိုင်သမ္မတ ရော့ဒရီဂိုဒူတာတေးက ရုရှားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF) က ထုတ်လုပ်ခဲ့သော ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်မျိုးကို လက်တွေ့စမ်းသပ်ရာတွင် ပထမဆုံးပါဝင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည့်ဟု သိရသည်။
“ကျွန်တော် ရုရှားသမ္မတ ပူတင်ကို ပြောချင်တာကတော့ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရာမှာ ကြီးမားတဲ့ ယုံကြည်မှုရှိပြီး ရုရှား နိုင်ငံကထုတ်လုပ်တဲ့ ကာကွယ်ဆေးက လူသားတွေအတွက် တကယ်ကို ကောင်းမွန်ပါတယ်။ ကာကွယ်ဆေး လက်တွေ့စမ်းသပ်မယ်ဆိုရင် ကျွန်တော် အစမ်းသပ်ခံမယ့် ပထမဆုံးလူဖြစ်နိုင်ပါတယ်” ဟု ဒူတာတေး က ပြောကြားခဲ့သည်။
ယခုလအတွင်း ဖိလစ်ပိုင်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် လက်တွေ့ စမ်းသပ်မှုများ လုပ်ဆောင်ရန်အသင့်ရှိဟု RDIF အမှုဆောင်အရာရှိချုပ် ကီရေးလ်ဒီမီထရီးယက်ဗ်က ပြောကြားခဲ့သည်။ ကိုဗစ်-၁၉ ကာကွယ် ဆေးနှစ်မျိုး လက်တွေ့စမ်းသပ်မှုကို ရုရှားနိုင်ငံ၌ ဇွန် ၁၈ ရက်တွင် အဖွဲ့အစည်းနှစ်ခု၌ စတင်ခဲ့ပြီး စမ်းသပ်မှုတွင်ပါဝင်သူ ၃၈ ဦးစလုံး ဗိုင်းရပ်စ်ပိုးခံနိုင်ရည်ရှိကာ ပထမအသုတ်ကို ဇူလိုင် ၁၅ ရက်၊ ဒုတိယ အသုတ်ကို ဇူလိုင် ၂၀ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ ၁၃၆၀၀၀ ကျော်နှင့် သေဆုံးသူ ၂၂၉၄ ဦးရှိသည်။ ဖိလစ်ပိုင်နိုင်ငံ၌ နေ့အလိုက် ဗိုင်းရပ်စ် ကူးစက်သူမှာ ၇၀၀၀ နီးပါးရှိပြီး ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက်နှင့် ဒေသတွင်း အမြင့်ဆုံးကူးစက်မှုနှုန်း ဖြစ်လာခဲ့သည်။
crd-The Mirror Daily #Myanmar_Online_News

0 comments:

Post a Comment