Saturday, August 22, 2020

တရုတ်နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် အတွက် အင်ဒိုနီးရှားနိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်သွားရန် ဆန္ဒရှိ

ဩဂုတ်လ ၂၀ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဝမ်ရီမှ တရုတ်နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက် အင်ဒိုနီရှားနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ နှင့် အတူတကွအလုပ်လုပ်ကိုင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
တောင်တရုတ်ပင်လယ်ဆိုင်ရာဆွေးနွေးညှိနှိုင်းမှုသည် ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ အခြေခံသဘောတရားများအရ ဆောင်ရွက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံ များ၏ သဘောထားများကိုထင်ဟပ်စေကြောင်း တရုတ်နိုင်ငံ ဟန်နမ်ပြည်နယ်တွင် အစည်းအဝေးပြုလုပ်နေစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီးဝမ်ရီမှ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi အား ပြောကြားခဲ့ပါသည်။
အချို့သောနိုင်ငံများအနေဖြင့် ဒေသတွင်းပြဿနာများကို ကြီးထွားလာစေရန် နှင့်တင်းမာမှုများကို ဖန်တီးရန်ကြိုးစားနေကြကြောင်း၊ ၎င်းသည် တောင်တရုတ် ပင်လယ်၏ တည်ငြိမ်အေးချမ်းရေးကို တိုက်ရိုက်ခြိမ်းခြောက်နေကြောင်း ဝမ်ရီမှ ပြောကြားခဲ့ပါသည်။
COVID -19 ရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ ၎င်း၏ သုတေသနနှင့် ဖွံဖြိုး တိုးတက်ရေးကိုတိုးမြှင့်လုပ်ဆောင်သွားရန်မှာ ထိပ်တန်းဦးစားပေးတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးကို အောင်မြင်စွာတီထွင်ပြီးနောက်တွင် တစ်ကမ္ဘာလုံးနှင့်ဆိုင်သော ထုတ်ကုန်တစ်ခုဖြစ်လာမည်ဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို အဓိကဦးစားပေးမည်ဖြစ်ကြောင်း ဝမ်ရီမှ ရှင်းလင်းပြတ်သားစွာ ကတိပေးပြောကြားခဲ့ပါသည်။
အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi သည် ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ သွားရောက်မည်ဖြစ်ပါသည်။
>>zawgyi<<

0 comments:

Post a Comment