Thursday, August 20, 2020

မန္တလေးမှ စစ်တွေသို့ပြေးဆွဲနေသော ကားလိုင်းများ ခေတ္တရပ်နား

မန္တလေးမြို့မှ ရခိုင်ပြည်နယ်စစ်တွေမြို့သို့ပြေးဆွဲးနေသည့် အဝေပြေးကားလိုင်များ ပြေးဆွဲမှုခေတ္တရပ်နားလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး အဝေပြေးယဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီကသိရသည်။
မန္တလေးမှ စစ်တွေသို့ပြေးဆွဲးနေသည့် အဝေးပြေယဉ်လိုင်းပေါင်း ဆယ်သင်းခန့်ရှိနေကာ ပြေဆွဲမှုများကို ဩဂုတ် ၂၀ ရက်နေ့ ( ယနေ့ ) မှစတင်ရပ်နားလိုက်ခြင်းဖြစ် ကြောင်းသိရသည် ။
" မန္တလေးကအသင်းတွေကတော့မထွက်တော့ပါဘူး။ အခုမထွက်တော့ပါဘူး။မန္တလေးစစ်တွေကားသင်း ၁၀ သင်းအကုန်လုံးရပ်မှာ ။သွားမယ့်ခရီးသည်တွေအတွက်တော့ဘာမှစီစဉ်ပေးလို့မရဘူး ၊အကုန်လုံးပိတ်တာဆိုတော့ " ဟု မန္တလေးတိုင်းဒေသကြီး အဝေပြေးယဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဌ ဦးအောင်ကျော်လင်းကပြောသည်။
ရခိုင်ပြည်နယ်စစ်တွေမြို့တွင် ကိုရိုနာဗိုင်ရစ်ကူးစက်ခံထားရသူများစစ်ဆေးတွေရှိခဲ့ရာ ဩဂုတ်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့ နံနက် ၈ နာရီထိ ပိုတွေ့ရှိသူပေါင်း ခြောက်ဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်များအရသိရသည်။
" ကျွန်တော်တို့ ဂိတ်ကတော့ ဒီနေ့ပဲ ရပ်လိုက်ပါပြီ။ ဟိုဘက်မှာ ကိုဗစ်တွေ့တယ်ဆိုတော့ ဒါကြောင့် ရပ်လိုက်တာပါ" ဟု ရွှေလမင်းကားဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွက် ရခိုင်ပြည်နယ် စစ်တွေမြို့အား လော့ခ်ဒေါင်းချထားပြီး မြို့ဝင်ဂိတ်များကိုလည်း ရဲတပ်ဖွဲ့ဝင်များစောင့်ကြပ်ကာ စစ်ဆေးနေကြောင်းသိရသည် ။Covid-19 ဒုတိယလှိုင်းအဖြစ် ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်လာနိုင်ပြီး ပြည်သူများမပေါ့ဆရန်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတွင် ဩဂုတ် ၂၀ ရက်နံနက်ပိုင်းအထိ COVID-19 ရောဂါဖြစ်ပွားသူ (၃၉၆)ဦးရှိပြီး ၎င်းတို့အနက်ခြောက်ဦး သေဆုံးခဲ့သည် ။

0 comments:

Post a Comment