Sunday, August 16, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ၂၀၂၀ရွေးကောက်ပွဲအတွက် ပြည်သူ့ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင်မှန်မှန်ကန်ကန်ရွေးချယ်နိုင်ကြစေရန် အချက်(၆)ချက်တိုက်တွန်းပြောကြား

ပြည်သူ့ကိုယ်စားလှယ်များရွေးချယ်ရာတွင် အချက်ခြောက်ချက်နှင့် ပြည့်စုံသူများကို မှန်မှန်ကန်ကန်ရွေးချယ်ကြစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် ပြည်သူ့ ကိုယ်စားလှယ်လောင်းများ ရွေးကောက်တင်မြှောက်ခြင်းသည် အလွန်အရေးကြီးပြီး ကိုယ်စားလှယ်လောင်းများသာမက ကိုယ်စားလှယ်ကောင်းများကို ရွေးချယ် တင်မြှောက်ကြရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်ရာ၌
၁။ နိုင်ငံနှင့်ဒေသကို လက်တွေ့ အကျိုးပြုမည့်သူ၊
၂။ တရားဥပဒေစိုးမိုးရေးအမြင်ရှိပြီး ဥပဒေ စည်းမျဉ်း၊ စည်းကမ်းများ ကို လိုက်နာဆောင်ရွက်သူ၊
၃။ နိုင်ငံ၏အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊
၄။ တပ်မတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍကို နားလည်သဘောပေါက်သူ၊
၅။ အမျိုး၊ ဘာသာ၊ သာသနာကို နည်းမှန်၊ လမ်းမှန်ဖြင့် စနစ်တကျ ထိန်းသိမ်းနိုင်သူ နှင့်
၆။ ပြည်ပအဖွဲ့အစည်း များ၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးခြင်းမခံရသူ စသည့်အချက်ခြောက်ချက်နှင့် ပြည့်စုံ သူတို့ကို မှန်မှန်ကန်ကန်ရွေးချယ်ကြစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ပြောဆိုသည်။
ဩဂုတ် ၁၄ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီ တို့ တွေ့ဆုံရာ တွင် ၎င်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်သည် အမျိုးသားနိုင်ငံရေးကို ဆောင်ရွက်နေပြီး နိုင်ငံရေးပါတီများ သည် နိုင်ငံရေးကို ဆောင်ရွက်ကြသဖြင့် သဘောသဘာ၀ကွဲပြားမှုရှိသည်ဖြစ်သော် လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရေးအတွက် တူညီသည့် သဘောထား အမြင်များဖြင့် ဆောင်ရွက်နေကြခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်ပါက တိုင်းပြည်ကို ကောင်းစေလိုသည့်စိတ်ဖြင့် တတ်နိုင်သရွေ့ စိတ်ရှည်သည်းခံပြီး ဆောင်ရွက် ကြစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။
နိုင်ငံရေးနှင့် ပတ်သက်၍ တိုင်းပြည်ကို ကောင်းစေလိုသည့် စိတ်ဆန ́များဖြင့် သာ ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံရေး၌ "ပြောသည့်အတိုင်းလုပ်ရန်နှင့် လုပ် သည့် အတိုင်းပြောရန်" လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
လာမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ် စေရေး လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးကြရန်လိုကြောင်း၊ မဲမပေးပါက ရွေးချယ်ခံရသင့်သည့် ကိုယ်စားလှယ်လောင်းများမဲမရသည်သာဖြစ်မည် ဖြစ်ပြီး မဲပေးသင့်သူကို ဆန္ဒမဲပေးကြစေရေး စည်းရုံးကြစေလိုကြောင်း၊ တပ်မတော် အနေဖြင့် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် အမျိုးသားနိုင်ငံရေး လုပ်ဆောင်လျက် ရှိသည့် မည်သည့်အဖွဲ့အစည်းများနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။
ထို့နောက် လာရောက်တွေ့ဆုံကြသည့် နိုင်ငံရေးပါတီများက ပါတီမူဝါဒဆိုင်ရာ များ၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ဆိုင်ရာများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် အမြင်များ၊ တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် တပ်မတော်မှ ဆောင်ရွက်ပေးစေ လိုသော အခြေအနေများ၊ တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် အဓိကတာဝန်ရှိစွာဖြင့် ပါဝင်ကူညီဆောင်ရွက်နေမှုများကို နားလည်သဘော ပေါက်သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့ နိုင်ငံရေးပါတီများ၏ ဆွေးနွေးမှုများအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဒီမိုကရေစီဟူသည် အများ၏ဆန ́နှင့်အညီ ရွေးချယ်ခြင်းဖြစ်ပြီး ဖက်ဒရယ် စနစ်သည် မျှဝေခံစားခြင်းပင်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံများစွာရှိပြီး မိမိတို့နိုင်ငံ၏ ပကတိအခြေအနေ၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုသာ ရွေးချယ်ကျင့်သုံးကြ သည့်အတွက် မိမိတို့နိုင်ငံအနေဖြင့်လည်း မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် အုပ်ချုပ်မှုစနစ်မျိုးကိုသာ ကျင့်သုံးကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အတိတ်ကို ပြန်လည်ငြင်းခုံ နေ၍မရဘဲ အတိတ်ကဖြစ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာရယူပြီး လက်ရှိ ပစ္စုပ္ပန်ကို ကောင်းအောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

0 comments:

Post a Comment