Monday, August 17, 2020

ပါကစ္စတန်ထောက်လှမ်းရေးက မြန်မာနိုင်ငံအတွင်း အကြမ်းဖက်အုပ်စုများကို လေ့ကျင့်ပေးနေဟု ကျွမ်းကျင်သူများ ပြောကြား

ပါကစ္စတန်နိုင်ငံ၏ ထောက်လှမ်းရေးအေဂျင်စီ Inter-Services Intelligence (ISI) သည် မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက်အုပ်စုများကို လေ့ကျင့်ပေးလျှက်ရှိပြီး အဓိကရည်ရွယ်ချက်မှာ ဒေသတွင်းနိုင်ငံအချို့၌ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုဖြင့် တည်ငြိမ်မှု ပျက်ပြားစေရန်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်ဟု အိန္ဒိယသတင်းစာ The New Indian Express ( 15th Aug. 2020 ) က ရေးသားသည်။
ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် တောင်အာရှဒီမိုကရက်တစ်ဖိုရမ်မှ လေ့လာသုံးသပ်သူ ဆီးဖရက်အိုဝုဖ်ကမူ ဘင်္ဂလားဒက်ရှ်နိုင်ငံရှိ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော JMB ခေါ် “ ဂျမတ်အီလ်မူဂျာဟီဒင်၊ ဘင်္ဂလားဒက်ရှ် “ က ဒုက္ခသည်ဘင်္ဂလီ ( မူရင်း ရိုဟင်ဂျာ ) အယောက် ၄၀-ခန့်အား လေ့ကျင့်ပေးရာ၌ ISI ပါကစ္စတန်ထောက်လှမ်းရေးတို့ ပါဝင်ပတ်သက်လျှက်ရှိကြောင်း ဂျာမန်သတင်းစာ DW ၌ ရေးသားခဲ့သည်။
နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုအတွက် တတိယနိုင်ငံကိုရွေးချယ်ခြင်းမှာ ပါကစ္စတန်အတွက် ပိုမိုကောင်းမွန်သည်ဟု ကျွမ်းကျင်သူက ဆိုပါသည်။ ဤအချက်မှာ ဒေသတွင်းမတည်ငြိမ်မှုကိုဖန်တီးရန်အတွက် အာဖဂန်နစ္စတန်နှင့် အိန္ဒိယအပါအဝင်နိုင်ငံများမှ အကြမ်းဖက်မှုများကို ပါကစ္စတန်က ဆက်လက်ထောက်ပံ့ပေးနေခြင်းနှင့် အဆိုပါနိုင်ငံများ၌ တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေကြောင်း ထပ်မံသက်သေပြရာရောက်ရှိသည်။
၂၀၁၆ ခုနှစ်တွင် ဒါကာမြို့တော် သံတမန်ရပ်ကွက်အနီးရှိ “ ဟိုလီးအာတီဇန် “ ကော်ဖီဆိုင်အား JMB တို့က တိုက်ခိုက်ခြင်းကြောင့် နိုင်ငံခြားသားအများစုအပါအဝင် လူပေါင်း ၂၂ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ဤအကြောင်းကြောင့်ပင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဘင်္ဂလားဒက်ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်ဘင်္ဂါလီစခန်းများမှာ အကြမ်းဖက်အုပ်စုများအတွက် မျက်စိကျစရာဖြစ်လာသည်။
အတိတ်ကာလတွင် အစွန်းရောက် ဒုက္ခသည်ဘင်္ဂါလီတို့အနေဖြင့် အားထုတ်မှုများရှိခဲ့သော်လည်း ဘင်္ဂလားဒက်ရှ်အစိုးရက အကြမ်းဖက်လှုပ်ရှားမှုများကို ခွင့်မပြုကြောင်း၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပုန်ကန်သောင်းကျန်းမှုနှင့် ပတ်သက်သောကိစ္စရပ်များတွင် အိန္ဒိယအား ဘင်္ဂလားဒက်ရှ်က ယခုအချိန်အထိ ကူညီပေးခဲ့ကြောင်း၊ အစွန်းရောက်အုပ်စုများကို ပါကစ္စတန်က ထောက်ပံ့ခြင်းဖြင့် အိန္ဒိယအား မတည်မငြိမ်ဖြစ်စေရန် ရှိတ်ဟာစီနာအစိုးရအနေဖြင့် ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း ဘင်္ဂလားဒက်ရှ် လုံခြုံရေးရာ ကျွမ်းကျင်သူ အဗ္ဗဒူရာရှစ်က DW မီဒီယာအား ပြောဆိုသည်။
ဘင်္ဂလားဒက်ရှ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရှရီယာအာလမ်ကမူ ဒုက္ခသည်စခန်းများအတွင်း အစွန်းရောက်ဝါဒဖြန့်ဝေရန် ကြိုးပမ်းမှုများသည် အတိတ်ကာလ၌ပင် အောင်မြင်မှုကြီးကြီးမားမား မရှိခဲ့ကြောင်း DW မီဒီယာအား ပြောဆိုသည်။ သို့သော် မြန်မာစစ်ဖက်အရာရှိအနေဖြင့် “ အာရကန်ရိုဟင်ဂျာကယ်ဆယ်ရေးတပ် “ (ARSA) သည် နယ်စပ်သို့ ပြန်လည်ရောက်ရှိလာပြီး လှုပ်ရှားမှုများ တိုးမြှင့်လာနေကြောင်း၊ ARSA အဖွဲ့ဝင်များသည် ဒုက္ခသည်စခန်းများအတွင်း ညဘက်၌ တက်တက်ကြွကြွရှိသော်လည်း နေ့ဘက်များတွင် ပုန်းကွယ်ခြေရာဖျောက်လျှက်ရှိကြောင်း၊ ARSA ခေါင်းဆောင် အတ္တားအူလ္လာသည် ပါကစ္စတန်တွင်မွေးဖွားခဲ့သူဖြစ်ပြီး ဆော်ဒီအာရေးဗီးယားတွင် ကြီးပြင်းခဲ့သည်။ သူနှင့်သူ၏အဖွဲ့ဝင်များသည် ဗုံးခွဲဖျက်ဆီးခြင်းနှင့် စစ်နည်းဗျူဟာတို့ကို သင်ယူတတ်မြောက်သူများဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရ်ှ - မြန်မာနယ်စပ်တွင် လှုပ်ရှားနေသော ARSA တို့အား “ တာရစ်အီးတာလီဘန် ပါကစ္စတန်” (TTP) သို့မဟုတ် “ ပါကစ္စတန်တာလီဘန် “ တို့က သင်တန်းများ ပို့ချခဲ့ကြောင်း ရှင်းပြသည်။ အဆိုပါအချက်မှာ ဟုတ်မှန်ကြောင်း TTP ၏ပြောရေးဆိုခွင့်ရှိသူက DW မီဒီယာအား အတည်ပြုခဲ့သည်။
ကော့ဘဇားအား စောင့်ကြည့်လျှက်ရှိသည့် နိုင်ငံခြားသံတမန်များအဆိုအရ ARSA နှင့် JMB တို့သည် ဆက်စပ်မှုရှိကြောင်း သိရှိရပြီး လက်နက်ကိုင် လေ့ကျင့်လျှက်ရှိသည့်ဗီဒီယိုများလည်း လူမှုကွန်ရက်၌ ပေါ်ထွက်လာခဲ့သည်။ ARSA အဖွဲ့ဝင်များအသုံးပြုလျှက်ရှိသည့် AK-47s, M-21s, M-22s နှင့် M-16 ရိုင်ဖယ်များမှာမူ မြန်မာနယ်ခြားစောင့် ရဲကင်းများအား စီးနင်းစဉ် သိမ်းယူရရှိခဲ့သော လက်နက်များ ဖြစ်ဖွယ်ရှိသည်။
crd-Htay Oung #Myanmar_Online_News
>>zawgyi<<

Tuesday, August 18, 2020

0 comments:

Post a Comment