Wednesday, August 5, 2020

အမျိုးသားရေးဦးဆောင်လှုပ်ရှားသူ ဒေါ်ခင်ဝိုင်းကြည် ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်

အမျိုးသားရေး တက်ကြွလှုပ်ရှားသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်ဝိုင်းကြည်သည် လာမည့် ရွေးကောက်ပွဲ၌ ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ဒေါ်ခင်ဝိုင်းကြည် တပ်မတော်ထောက်ခံပွဲ၊ ဘင်္ဂါလီအရေးတို့၌ တက်ကြွစွာ ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ခဲ့ သလို မျိုးစောင့်ဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရန် လွှတ်တော်တွင်း လွှတ်တော်ပြင်ပ ဆောင်ရွက်ခဲ့သူလည်း ပါတယ်။
ဒေါ်ခင်ဝိုင်းကြည်သည် ဒေါပုံမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ၌ ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။
ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာ၌ NLD ပါတီ၊ UBP ပါတီ၊ ပြည်သူ့ပါတီ၊ PPPပါတီအပါအဝင် အခြားသော ပါတီများကလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
Ref ' People Media

0 comments:

Post a Comment