Sunday, August 9, 2020

တက္ကသိုလ်ဝင်တန်းဖြေသူ သုံးသိန်းနီးပါး နီးပါးအောင်၊ ၇၉၀ ကျော် ခြောက်ဘာသာဂုဏ်ထူးထွက်

တက္ကသိုလ်ဝင်တန်းဖြေဆိုသူ သုံးသိန်းနီးပါး ရာခိုင်နှုန်းအားဖြင့် ၃၂ ဒသမ ၀၆ ရာခိုင်နှုန်း ရှိပြီး ဂုဏ်ထူးထွက်သူ ခြောက်သောင်းကျော်အနက် ခြောက်ဘာသာဂုဏ်ထူးထွက်သူ ၇၉၉ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
စာမေးပွဲဖြေဆိုသူ ကိုးသိန်းကျော်ရှိသည့်အနက် ၂၉၁,၇၉၈ ဦး အောင်မြင်ပြီး ကျောင်းဖြေ ငါးသိန်း ခုနှစ်သောင်းကျော်အနက် တစ်သိန်းခြောက်သောင်းကျော် အောင်မြင်ကာ ပြင်ပဖြေ သုံးသိန်းသုံးသောင်း ကျော် အနက် တစ်သိန်းသုံးသောင်းကျော် အောင်မြင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အောင်ချက်ရာခိုင်နှုန်းတွင် မန္တလေးတိုင်ဒေသကြီးက ၃၇ ရာခိုင်နှုန်းကျော်ဖြင့် အောင်းချက်အကောင်းဆုံးဖြစ်ကာ ယင်းနောက်တွင် စစ်ကိုင်းတိုင်းဒေသကြီးက ၃၅ ရာခိုင်နှုန်းကျော် မွန်ပြည်နယ်က ၃၄ ရာခိုင်နှုန်းကျော်တို့ဖြင့် အစဉ်အတိုင်း ရပ်တည်နေသည်။ အောင်ချက်အနည်းဆုံးမှာ ရှမ်းပြည်နယ် (အရှေ့) က ၂၀ ရာခိုင်နှုန်းကျော်ဖြင့် အနည်းဆုံးဖြစ်ကာ ချင်းပြည်နယ်ကမူ ၂၁ ရာခိုင်နှုန်းကျော်ဖြင့် ဒုတိယအနည်းဆုံးဖြစ်သည်။
ခြောက်ဘာသာဂုဏ်ထူးရသူ ၇၉၇ဦးတွင် မန္တလေးတိုင်းဒေသကြီးကပင် ၃၄၅ဦးဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေပြီး ရန်ကုန်တိုင်းဒေသကြီးက ၂၃၅ဦးဖြင့် ဒုတိယနေရာတွင်ရှိသည်။ ဂုဏ်ထူးရသူ ခြောက်သောင်းကျော်တွင်မူ ရန်ကုန်တိုင်းဒေသကြီးက တစ်သောင်းတစ်ထောင်ကျော်ဖြင့် ထိပ်ဆုံးတွင်ရှိကာ စစ်ကိုင်းတိုင်းဒေသကြီးက တစ်သောင်းကျော်ဖြင့် ဒုတိယနေရာ မန္တလေးတိုင်းဒေသကြီးက ကိုးထောင်ကျော်ဖြင့် တတိယနေရာတွင် ရှိသည်။
ဂုဏ်ထူးရသူ ခြောက်သောင်းကျော်တွင် ထက်ဝက်ကျော်ဖြစ်သည် သုံးသောင်းခုနစ်ထောင်ကျော်မှာ တစ်ဘာသာ ဂုဏ်ထူးရသူများဖြစ်သည်။
စာမေးပွဲဖြေဆိုသူ ကျောင်းသူ ၃၃ ရာခိုင်နှုန်းကျော်ဖြစ်သည့် တစ်သိန်းခုနှစ်သောင်းကျော် အောင်မြင်ပြီး ကျောင်းသား ၂၉ ရာခိုင်နှုန်းကျော်ဖြစ်သည့် တစ်သိန်းတစ်သောင်းကျော် အောင်မြင်သည်။
ကိုယ်လက်အင်္ဂါမသန်စွမ်းသူ ၁၇၅ ဦးရှိရာ ၄၂ဦးအောင်မြင်ပြီး မျက်မမြင် စာဖြေသူ ၃၁ ဦးတွင်မူ ၁၂ဦး အောင်မြင်ကာ အကျဉ်းဦးစီးဌာနတွင် ဖြေဆိုသူ ၁၉၂ ဦးအနက် ၁၁၃ ဦးအောင်မြင်သည်။
Ref ; The Voice Journal

0 comments:

Post a Comment