Friday, August 14, 2020

ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ဆောင်ရန်အချက်များကို လိုက်နာမှုနည်းပါးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံမှာ ဝန်ကြီးဌာနမှ နှိုးဆော်တိုက်တွန်းထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဆောင်ရန်အချက်များအား နေရာအများအပြားမှာ လိုက်နာမှုနည်းပါးနေသည်ကို တွေ့ရှိနေရကြောင်း ကျန်းမာရေးနှင် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒုတိယလှိုင်းဖြစ်ပွားကာ လူနာအများအပြား တစ်ပြိုင်တည်း ပေါ် ပေါက်လာပါက စနစ်တကျတုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် စားပွဲဝိုင်းလေ့ကျင့်ခန်း(Table-Top Exercise) ဗဟို အဆင့်ပြုလုပ်ခြင်း အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ကာ ဒုတိယ လှိုင်းမ ပေါ်ပေါက် စေရန်အတွက် လက်ရှိဆောင်ရွက်နေသည့် ရောဂါကာကွယ် ထိန်းချုပ်မှု လုပ်ငန်းများကို အရှိန် အဟုန်မပျက် ဆက်လက် ဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ကိုဗစ်-၁၉ သည် ကမ္ဘာ့ကပ်ရောဂါဖြစ်သဖြင့် မိမိတို့နိုင်ငံမှာ ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေကိုသာမက အိမ်နီးချင်းနဲ့ ကမ္ဘာ့နိုင်ငံများမှာ ဖြစ်ပွားကူးစက်မှုအခြေအနေများကိုပါ အမြဲမပြတ် လေ့လာဆန်းစစ်ကာ ထိန်းချုပ် မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိတယ်လို့ ထပ်မံပြောပါတယ်။
ထို့နောက် ကမ္ဘာတွင် သုတေသနတွေ့ရှိချက်များအရ ကိုဗစ်-၁၉ လူနာများမှာ ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိသူ (၄၀) ရာခိုင်နှုန်းခန့်၊ မပြင်းထန်သော ရောဂါလက္ခဏာရှိသူ (၄၀)ရာခိုင်နှုန်းခန့်၊ ဆေးရုံတက်ရောက်ကုသမှုခံရန် လို အပ်သူ (၁၅)ရာခိုင်နှုန်းခန့်နဲ့ ရောဂါပြင်းထန်သူ (၅)ရာခိုင်နှုန်းခန့်ရှိသည်ကို တွေ့ရှိရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအခြေအနေကို ကူးစက်ရောဂါဗေဒ ရှုထောင့်မှ ကြည့်ရှုဆန်းစစ်ပါက ရောဂါဖြစ်ပွားသူများအနက် (၆၁)ရာခိုင်နှုန်းခန့်မှာ ရောဂါလက္ခဏာပြသခြင်းမရှိမှု၊ လူနာများ ရဲ့ (၅၅)ရာခိုင်နှုန်းသည် ပြင်ပနိုင်ငံများမှ ကူးစက်ဝင်ရောက်လာတာဖြစ်ပါတယ်။
Ref ; MyanmaPlatform

0 comments:

Post a Comment