Tuesday, August 11, 2020

၁၀ တန်းအမှတ်စာရင်းများကို သြဂုတ်လ ၂ဝ ရက်နေ့ကျော်တွင် အွန်လိုင်းမှတစ်ဆင့် ထုတ်ပေးသွားမည်

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မှတ်စာရင်းများကို သြဂုတ် ၂ဝ ရက်နေ့ကျော်တွင် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက စီစဉ်ဆောင်ရွက်နေကြောင်း အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။
“အွန်လိုင်းကတစ်ဆင့်ဖြစ်ဖို့များတယ် အခုတော့ နည်းပညာပိုင်းတွေပြင်ဆင်နေလို့ မထုတ်ပြန်သေးတာဖြစ်မယ်။ အမှတ်စာရင်းထုတ်တာကို နိုင်ငံတော်ဝင်ငွေအဖြစ် လုပ်ထားတာဆိုတော့ Paymet တစ်ခုနဲ့သူတို့လုပ်မှာ၊ ငွေကိုနိုင်ငံတော်ဘဏ္ဍာတွေထဲဝင်သွားအောင် ဘယ်လိုစီစဉ်ထားလဲတော့ မသိသေးဘူး။ အွန်လိုင်းနဲ့ပေးဖို့တော့ သူတို့ရည်ရွယ်နေတယ်။ အခုနည်းပညာပိုင်းအဆင်သင့်ဖြစ်အောင်လုပ်နေတယ်လို့ ကြားတယ်” လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက မြန်မာ့ပလက်ဖောင်းကိုပြောပါတယ်။
ကိုဗစ်ကာလဖြစ်သည့်အတွက် လူစုလူ‌‌‌ဝေး မဖြစ်စေရန် အွန်လိုင်းမှတစ်ဆင့် ထုတ်ပေးရေးကို စီစဉ်ခြင်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းထုတ်ယူနိုင်မည့်နေ့ရက် အတိအကျကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထပ်မံကြေငြာသွားမည်ဖြစ်ကာ ယခုလအတွင်း ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ဆိုပါတယ်။
ထို့ပြင် အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ကြောင်း အောင်လက်မှတ်များကို စာမေးပွဲ ဖြေပြီးချင်း ထုတ်ပေးရန် စီစဉ်ခဲ့သော်လည်း COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ကာ ယခုလအတွင်းထုတ်ပေးရန် ကိုဗစ်ကော်မတီကိုတင်ပြထားကြောင်း သိရပါတယ်။
အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ကြောင်း အောင်လက်မှတ်များကို ကျောင်းခေါ်ချိန်ပြည့်မှု၊ ကျောင်းစာမေးပွဲများလာရောက်ဖြေဆိုမှု၊ ရမှတ်များအပါအဝင် စံသတ်မှတ်ချက် ၇ ချက်နှင့်ကိုက်ညီပါက သက်ဆိုင်ရာကျောင်းများမှတစ်ဆင့် ထုတ်ပေးမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။
Ref ; MyanmaPlatform

0 comments:

Post a Comment