Thursday, August 6, 2020

အိန္ဒိယနိုင်ငံ ပြည်နယ်တစ်ခုတွင် ရဲတပ်ဖွဲ့ဝင် ၁၀၀၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံရပြီး ၁၀၇ ဦး သေဆုံး

အိန္ဒိယနိုင်ငံ မဟာရတ်ရှ်ထရာပြည်နယ်တွင် လက်ရှိအချိန် ထိ ရဲတပ်ဖွဲ့ဝင် ၁၀၀၀၀ ကျော်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀၇ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ယမန်နေ့ ပြောကြားခဲ့ကြောင်း သိရသည်။
“လက်ရှိအချိန်ထိ ရဲတပ်ဖွဲ့ဝင် ၁၀၀၂၆ ဦး ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး အရာရှိ ၁၀ ဦးအပါအဝင် ၁၀၇ ဦး သေဆုံး ခဲ့ပါတယ်။ သေဆုံးတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ၅၀ ရာခိုင်နှုန်းက မွမ်ဘိုင်းရဲတပ်ဖွဲ့က ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့ဝင် ၁၈၅၉ ဦးတွင် ဗိုင်းရပ်စ်ပိုး ရှိဆဲဖြစ်ပြီး တပ်ဖွဲ့ဝင် ၈၀၆၀ မှာ ပိုးကင်းစင်သွားပြီ ဖြစ်ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက် ကာလအတွင်းအမိန့်၊ ညွှန်ကြားချက်များ အကောင်အထည် ဖော် ဆောင်ရွက်နေစဉ် ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ပွားမှု ၃၂၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။
ယင်းဖြစ်စဉ် များကြောင့် ရဲတပ်ဖွဲ့ဝင် ၈၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်နယ် အတွင်း ကျန်းမာရေးဝန်ထမ်း ၆၅ ဦးလည်း တိုက်ခိုက်ခံခဲ့ရသည်။
ပဋိပကဖြစ်စဉ်များနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က လူပေါင်း ၈၈၆ ဦးကို ဖမ်းဆီးခဲ့သည်။ ထို့အပြင် အမိန့်ချိုး ဖောက်မှုပေါင်း ၂ ဒသမ ၂ သန်းကျော်နှင့် ချိုးဖောက်မှုကျူး လွန်သူ ၁၃၇၇၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။
crd-The Mirror Daily #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment