Thursday, August 6, 2020

ဖားကန့် ဝှေခါကျေးရွာရှိ မြေပြိုကျနိုင်သည့် လူနေအိမ် ၇၉ လုံးကို ထပ်မံပြောင်းရွှေ့မည်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ကျောက်မျက်လုပ်ကွက်ရပ်နားထားရာ ကျင်းဘက် သို့ မြေပြိုကျနိုင်သည့် ရပ်ကွက်အချို့မှ နေအိမ် ၇၉ လုံးကို ထပ်မံပြောင်းရွှေ့မည်ဖြစ်ကြောင်း မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ သိရသည်။
"မှော်သစ်ကုန်းမှာဆိုရင် ၃၉ အိမ်ကို ပြောင်းရွှေ့ပေးပြီးပါပြီ၊ နောက်ထပ် ၃၃ အိမ်ကို ပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်၊ ခကျန်မှာဆိုရင် ၁၃အိမ် ရွှေ့ပြီးပါပြီ၊ နောက်ထပ်၂၈ အိမ်ကို ပြောင်းဖို့စီစဉ်နေပါတယ်၊ လခူးချောင် ၆ မှာတော့ ၁၈ အိမ် ပြောင်းရွှေ့ပြီးပါပြီ၊ နောက်ထပ် ၁၈ အိမ်ကို‌ ပြောင်းရွှေ့ဖို့ စီစဉ်နေ ပါတယ်"ဟု မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
crd-Pyi Myanmar #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment