Friday, August 21, 2020

တရုတ်လေတပ်၏ လှုပ်ရှားမှုများကို အိန္ဒိယစောင့် ကြည့်နေ

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကြား အမှန်တကယ်ထိန်းချုပ်မျဉ်းတွင် တင်းမာမှုများမြင့်တက်နေချိန် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်လေတပ် PLAAF ၏လှုပ်ရှားမှုများကို အိန္ဒိယအေဂျင်စီများ မျက်စိဒေါက်ထောက်ကြည့်နေကြောင်း အိန္ဒိယသတင်းများက ဖော်ပြသည်။
“ရှင်ဂျန်းနဲ့ တိဗက်ဒေသတွေက ဟိုတန်၊ ဂါဂန်ဆာ၊ ကတ်ရှ်ဂါ၊ ဟော့ပင်း၊ ကွန်ကာဇွန်၊ လင်ကျီးနဲ့ ပန်ဂတ် PLAAF အခြေစိုက်စခန်းတွေကို အသေအချာစောင့်ကြည့်နေပါတယ်။ မကြာသေးခင်က အဲဒီစခန်းတွေမှာ လှုပ်ရှားမှုတွေတော်တော်များများရှိခဲ့ပါတယ်” ဟု အိန္ဒိယအစိုးရသတင်းရင်းမြစ်များက ANI သတင်းအေဂျင်စီ ကိုပြောသည်။
မကြာသေးမီက ခိုလှုံရာနေရာများပိုခိုင်ခံမှုရှိအောင်ပြုပြင်ခြင်း၊ လေယာဉ်ပြေးလမ်းများတိုးချဲ့ခြင်းနှင့် စစ်ဆင်ရေး များပြုလုပ်ရန် တပ်ဖွဲ့ဝင်များထပ်တိုးနေရာချခြင်းကဲ့သို့သော အဆင့်မြှင့်တင်ခြင်များပြုလုပ်နေသည်ကိုတွေ့ ခဲ့ရသည်ဟု အိန္ဒိယအစိုးရဘက်ကပြောသည်။
အိန္ဒိယအရှေ့မြောက်ပြည်နယ်များနှင့်မျက်နှာချင်းဆိုင်တွင်ရှိသော လင်ကျီးလေတပ်စခန်းကို ရဟတ်ယာဉ်စခန်း အဖြစ်အဓိကအသုံးပြုနေပြီး ထောက်လှမ်းရေးလှုပ်ရှားမှုများမြှင့်တင်ရန် ရဟတ်ယာဉ်ကွန်ရက်တစ်ခုတည် ဆောက်နေသည်ဟုလည်း ပြောသည်။
ရှင်ဂျန်းမှဟိုတန်လေတပ်စခန်းတွင် တရုတ်နိုင်ငံ၏ J-20 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ် ၂ စင်းကိုမြင် တွေ့ခဲ့ရပြီး တရုတ်ပုံစံ Su-30 တိုက်လေယာဉ်များကိုလည်း နေရာချထားသည်။ ထို့အပြင် H-6 ဗုံးကြဲလေယာဉ် ၆ စင်းနှင့် KD-63 ခရုဇ်ဒုံးပျံများကိုလည်း ကတ်ရှ်ဂါလေတပ်စခန်းတွင် တရုတ်တပ်ဖွဲ့များက နေရာချထားသည်။
တရုတ်လှုပ်ရှားမှုများကိုတန်ပြန်ရန် အိန္ဒိယနိုင်ငံကလည်း နယ်စပ်မျဉ်းရှိရာသို့ တပ်ဖွဲ့များထပ်တိုးနေရာချထားသည်။ တင့်တပ်ဖွဲ့များနှင့်အခြားလက်နက်များသာမက အိန္ဒိယလေတပ်လေယာဉ်များကိုလည်း နယ်စပ်မျဉ်းတစ်လျှော က်တွင် အဆင်သင့်အနေအထားဖြင့် အိန္ဒိယနိုင်ငံက ပြင်ဆင်ထားသည်။
Su-30၊ MiG-29 နှင့် MiG-29K များသာမက မကြာသေးမီကဝယ်ယူထားသည့် Rafale ဂျက်တိုက်လေယာ ဉ်များကိုလည်း နေရာချထားပြီး ထိုနေရာပတ်ဝန်းကျင်ကို ကင်းလှည့်နေသည်။
crd-PeopleMedia #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment