Thursday, August 6, 2020

မိုးကုတ်မြို့တွင် ကျောက်မျက်လုပ်ကွက်ဧရိယာများကို ပြောင်းလဲသတ်မှတ်မည်

မိုးကုတ်မြို့တွင် ကျောက်မျက်တူးဖော်ခွင့် လက်လုပ်လက်စားနှင့် အသေးစားများ တူးဖော်ထုတ်လုပ်နိုင်ရန် သတ်မှတ်ထားသည့် လုပ်ကွက်ဧရိယာများကို ပြောင်းလဲသတ်မှတ်ပေးမည်ဟု ယနေ့ကျင်းပသော မန္တလေးတိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည် ။
အသေးစားကျောက်မျက်ရတနာတူးဖော်ထုတ်လုပ်ခြင်းကို ၃ ဧကထက်မပိုသော အကျယ်အဝန်းသတ်မှတ်ထားရာမှ ၁ ဧက သာသတ်မှတ်ပေးရန်နှင့် လက်လုပ်လက်စားအား ၁ ဧကထက်မပိုသော အကျယ်အဝန်းကို ၅၀ ပေပတ်လည်အဖြစ်သတ်မှတ်ပေးရန် သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ လွတ်တော်ကိုယ်စားလှယ် ဦးစိုးလွင်က အဆိုပြုခဲ့ရာ လွှတ်တော်က အတည်ပြုခဲ့သည် ။
မိုးကုတ်ဒေသတွင် ဒေသခံများအတွက် လက်လုပ်လက်စား ကျောက်မျက်ရတနာ လုပ်ကွက်များအဖြစ် ချထားပေးရန် လျာထားသည့် မြေဧက(၈၂၂၀၀)ကျော် ရှိပြီး လောင်းစင်၊ ရေဝေ၊ ပင်သပြေနှင့် ပိန်းမြစ် အစရှိသော နေရာများရှိ မြေများဖြစ်သည်။
" အသေးစားကို သုံးဧက လက်လုပ်လပ်စားကို တစ်ဧက ပေးလိုက်ရန် မိုးကုတ်မြို့က သဘာဝပတ်ဝန်းကျင်ကော အကုန်လုံးပျက်စီးသွားမယ့် အနေအထားရှိပါတယ် ၊ ကုန်လဲ ကုန်သွားမယ့်အနေအထားဖြစ်ပါတယ် ၊ အဲ့တာကြောင့် ခုပြောင်းလဲသတ်မှတ်တာကကောင်းပါတယ် " ဟု ငါန်းဇွန် မဲဆန္ဒနယ် အမှတ်(၂) မန္တလေးတိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်သဲစုဝေက ပြောသည်။
မိုးကုတ်ဒေသတွင် ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အလတ်စား ကျောက်မျက်လုပ်ကွက် ဧရိယာ (၁၆၁၆၀)ဧက နှင့် တိုင်းဒေသကြီး အစိုးရက စီမံခန့်ခွဲနိုင်သည့် လက်လုပ်လက်စား လုပ်ကွက် ဧရိယာ (၈၂၂၁၉) ဧက ရှိကြောင်း သတ္ထုတွင်း ဦးစီးဌာန မှတ်တမ်းများတွင် ဖေါ်ပြထားသည်။
ပြည်ထောင်စုလွှတ်တော်က မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေ ကို (၂၀၁၉) အတည်ပြုပြဌာန်းခဲ့ပြီးနောက် တစ်နှစ်ကျော် အကြာတွင် မန္တလေးတိုင်း ဒေသကြီး အသေးစား နှင့် လက်လုပ်လက်စား ကျောက်မျက် ရတနာ ဥပဒေမူကြမ်းကို တိုင်းလွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး အထက်ပါ အခန်း (၁၁) ခန်း၊ ပုဒ်မ (၄၅) ခု ပြဌာန်းရေးဆွဲထားသည်။
မန္တလေးတိုင်း ဒေသကြီး အသေးစား နှင့် လက်လုပ်လက်စား ကျောက်မျက် ရတနာ ဥပဒေ မူကြမ်း ကို လာမည့် သြဂုတ်လ ၆ ရက် တွင် ကျင်းပမည့် တိုင်းဒေသကြီး လွှတ်တော် ပုံမှန် အစည်းအဝေး တွင် ဆွေးနွေး အတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
crd-The Fifth Wave #Myanmar_Online_News
>>Zawgyi<<
မိုးကုတ်မြို့တွင် ကျောက်မျက်လုပ်ကွက်ဧရိယာများကို ပြောင်းလဲသတ်မှတ်မည်
Thursday, August 6, 2020
မိုးကုတ်မြို့တွင် ကျောက်မျက်တူးဖော်ခွင့် လက်လုပ်လက်စား နှင့် အသေးစားများ တူးဖော်ထုတ်လုပ်နိုင်ရန် သတ်မှတ်ထားသည့် လုပ်ကွက်ဧရိယာများကို ပြောင်းလဲသတ်မှတ်ပေးမည်ဟု ယနေ့ကျင်းပသော မန္တလေးတိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည် ။
အသေးစားကျောက်မျက်ရတနာတူးဖော်ထုတ်လုပ်ခြင်းကို ၃ ဧကထက်မပိုသော အကျယ်အဝန်းသတ်မှတ်ထားရာမှ ၁ ဧက သာသတ်မှတ်ပေးရန်နှင့် လက်လုပ်လက်စားအား ၁ ဧကထက်မပိုသော အကျယ်အဝန်းကို ၅၀ ပေပတ်လည်အဖြစ်သတ်မှတ်ပေးရန် သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ လွတ်တော်ကိုယ်စားလှယ် ဦးစိုးလွင်က အဆိုပြုခဲ့ရာ လွှတ်တော်က အတည်ပြုခဲ့သည် ။
မိုးကုတ်ဒေသတွင် ဒေသခံများအတွက် လက်လုပ်လက်စား ကျောက်မျက်ရတနာ လုပ်ကွက်များအဖြစ် ချထားပေးရန် လျာထားသည့် မြေဧက(၈၂၂၀၀)ကျော် ရှိပြီး လောင်းစင်၊ ရေဝေ၊ ပင်သပြေနှင့် ပိန်းမြစ် အစရှိသော နေရာများရှိ မြေများဖြစ်သည်။
" အသေးစားကို သုံးဧက လက်လုပ်လပ်စားကို တစ်ဧက ပေးလိုက်ရန် မိုးကုတ်မြို့က သဘာဝပတ်ဝန်းကျင်ကော အကုန်လုံးပျက်စီးသွားမယ့် အနေအထားရှိပါတယ် ၊ ကုန်လဲ ကုန်သွားမယ့်အနေအထားဖြစ်ပါတယ် ၊ အဲ့တာကြောင့် ခုပြောင်းလဲသတ်မှတ်တာကကောင်းပါတယ် " ဟု ငါန်းဇွန် မဲဆန္ဒနယ် အမှတ်(၂) မန္တလေးတိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်သဲစုဝေက ပြောသည်။
မိုးကုတ်ဒေသတွင် ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အလတ်စား ကျောက်မျက်လုပ်ကွက် ဧရိယာ (၁၆၁၆၀)ဧက နှင့် တိုင်းဒေသကြီး အစိုးရက စီမံခန့်ခွဲနိုင်သည့် လက်လုပ်လက်စား လုပ်ကွက် ဧရိယာ (၈၂၂၁၉) ဧက ရှိကြောင်း သတ္ထုတွင်း ဦးစီးဌာန မှတ်တမ်းများတွင် ဖေါ်ပြထားသည်။
ပြည်ထောင်စုလွှတ်တော်က မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေ ကို (၂၀၁၉) အတည်ပြုပြဌာန်းခဲ့ပြီးနောက် တစ်နှစ်ကျော် အကြာတွင် မန္တလေးတိုင်း ဒေသကြီး အသေးစား နှင့် လက်လုပ်လက်စား ကျောက်မျက် ရတနာ ဥပဒေမူကြမ်းကို တိုင်းလွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး အထက်ပါ အခန်း (၁၁) ခန်း၊ ပုဒ်မ (၄၅) ခု ပြဌာန်းရေးဆွဲထားသည်။
မန္တလေးတိုင်း ဒေသကြီး အသေးစား နှင့် လက်လုပ်လက်စား ကျောက်မျက် ရတနာ ဥပဒေ မူကြမ်း ကို လာမည့် သြဂုတ်လ ၆ ရက် တွင် ကျင်းပမည့် တိုင်းဒေသကြီး လွှတ်တော် ပုံမှန် အစည်းအဝေး တွင် ဆွေးနွေး အတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
crd-The Fifth Wave #Myanmar_Online_News

0 comments:

Post a Comment