Sunday, August 9, 2020

ကွာရန်တင်းစင်တာတစ်ခုတွင် ဘိန်းဖြူဆေးထိုးအပ်တွေ ဖမ်းဆီးရမိ

မိုယ်းကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက် ပြည်သူ့အားကစားကွင်းထဲမှာ ဖွင့်လှစ်ထားတဲ့ COVID-19 Facility Quarantine Centreမှာ မနေ့သြဂုတ်လ ၈ရက် မနက်ပိုင်းက ဘိန်းဖြူဆေးထိုးအပ်တွေ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
“ အဲ့ဒီစင်တာမှာ ထိုင်းကပြန်လာပြီး Q ဝင်နေတဲ့ ဖြိုးဇင်ဝင်းမောင်ဆီကို သူ့သူငယ်ချင်း ဇော်ဝင်းလတ်က မနက် ၁၀ နာရီခွဲလောက်မှာ အစားအသောက်တွေလာပို့တယ်၊ အဲ့ဒီမှာ တာဝန်ကျနေတဲ့ နယ်ထိန်း ဒုရဲအုပ် စိုးညွှန့်အောင်နဲ့အဖွဲ့က ပါဆယ်ထုပ်တွေကို စစ်ဆေးကြည့်တယ် ၊ ငှက်ပျောကြော်အထုပ်ထဲက ဘိန်းဖြူမှုန့်ထည့်ပြီးသား ပလပ်စတစ် ဆေးထိုးအပ် သုံးချောင်းတွေ့ရလို့ ဖမ်းဆီးခဲ့တာပါ ”လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ၊ ပြည်နယ်မှုခင်းအကူဌာနစိပ်ရှိ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
ထိုင်းနိုင်ငံကပြန်လာပြီး မိုယ်းကောင်းမြို့ ကျန်းမာရေးစင်တာမှာ ကျန်းမာရေးအစစ်ဆေးခံနေတဲ့သူနဲ့ သူ့ကိုစားသောက်စရာ ပါဆယ်ထုပ်ပို့ဆောင်ပေးခဲ့တဲ့သူကို ဘိန်းဖြူဆေးထိုးပိုက် ၃ ချောင်းဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး မိုယ်းကောင်းမြို့မရဲစခန်းက မယ(ပ) ၄၇ /၂၀၂၀ မူးစိတ် ပုဒ်မ ၁၆ (ဂ) /၂၁ အရ အမှုဖွင့် အရေးယူထားတာဖြစ်တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။
>>Zawgyi<<

0 comments:

Post a Comment