Monday, August 10, 2020

ဝေါလေမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း တပ်မတော် သတင်းထုတ်ပြန်

ကရင်ပြည်နယ် ဝေါလေမြို့အနီးတဝိုက် လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် ဝေါလေမြို့၊ ဘလက်ဒိုကျေးရွာအနီး၌ သတင်းအရ စစ်ဆေးနေစဉ် မြဝတီမှ ဆုံဆည်းမြိုင်ရွာဘက်သို့မောင်းနှင်လာသော MITSUBISHI TRITON PICKUP ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်းမှ ICE ၃၉၁ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၉ ဒဿမ ၇၇၅ ဘီလီယံခန့်)ကို ယာဉ်မောင်း ဦးရန်အန်း(ဘ) ဦးယူနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူနှင့် မူးယစ်ဆေးဝါးများအား သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment