Sunday, August 16, 2020

နီပေါနိုင်ငံ၌ မြေပြိုမှုဖြစ်ပွားရာ ၁၈ ဦးသေဆုံးကာ ၂၁ ဦး ပျောက်ဆုံးနေ

နီပေါနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့သည့် မြေပြိုမှုတစ်ခုတွင် ပျောက်ဆုံးနေသူများကို နီပေါရဲတပ်ဖွဲ့၊ စစ်ရဲတပ်ဖွဲ့နှင့် တပ်မတော်မှ တပ်ဖွဲ့ဝင်များက ယနေ့ ရှာဖွေမှု ဆက် လက်ပြုလုပ်ခဲ့သည်။
ဆင်ဒူပါချော့ခ်ခရိုင်၊ ဂျူဂယ်လ်ကျေးလက်ဒေသတွင် ဖြစ်ပွားခဲ့သည့်မြေပြိုမှုတွင် အလောင်း ၁၈ လောင်း ပြန်ရရှိခဲ့ပြီး ၂၁ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။
မြေပြိုမှုမှာ သြဂုတ်လ ၁၄ ရက်နံနက်အစောပိုင်းက နေအိမ် ၁၇၀ နီးပါးရှိရာ လီဒီရွာရှိ နေအိမ် ၃၇ လုံး အပေါ် တောင်ပြိုကျရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အလောင်း ၁၈ လောင်းအနက် ၁၁ လောင်းမှာ ကလေးငယ်များဖြစ်ပြီး လေးဦးမှာ အမျိုးသမီးများဖြစ်ကာ သုံးဦးမှာ အမျိုးသားဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ ပရာဝူလ်မဟာဂျန်က ယမန်နေ့နှောင်းပိုင်းတွင် ပြော ကြားခဲ့သည်။
ဒေသန္တရအစိုးရအဖွဲ့က ကျေးရွာနေပြည်သူများကို အနီးအနားရှိ ဘေးအန္တရာယ်ကင်းရာ နေရာတစ်ခုသို့ ပြောင်းရွှေ့ပေးခဲ့သည်။ “အနီးအနားက တောင်ကုန်းတစ်လုံးက မြေပြိုမှုဖြစ်နိုင်တာကြောင့် တောင်အောက်က မိ သားစု ၂၅ စုကို အနီးအနားက ဘေးအန္တရာယ်ကင်းရာ နေရာတစ်ခုကို ရွှေ့ပြောင်းခဲ့ပါတယ်” ဟု မဟာဂျန်က ဆို သည်။
မြေပြိုမှုဖြစ်ပွားရာကျေးရွာမှာ နီပေါအစိုးရက မြေပြိုမှုအန္တရာယ် ဖြစ်ပွားနိုင်သည်ဟု သတ်မှတ်ထား သော နေရာများအနက် တစ်ခုဖြစ်သည်။
နီပေါနိုင်ငံတွင် ၂၀၁၅ ခုနှစ် မြေငလျင်လှုပ်ခတ်ပြီးနောက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ညှိ နှိုင်းဆောင်ရွက်ရန် ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သည့် အမျိုးသားပြန်လည်တည်ဆောက်ရေး အာဏာပိုင်အဖွဲ့၏ ပြောကြားချက်အရ လီဒီရွာမှာ ကာကွယ်မှုလိုအပ်သော်လည်း ပြန်လည်ရွှေ့ပြောင်းရန် မလိုအပ်သည့် ကျေးရွာစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။
Source : Xinhua
Ref; 18 killed, 21 missing in massive Nepal landslide

0 comments:

Post a Comment