Monday, August 17, 2020

ပိတ်သိမ်းခဲ့ရသည့် အမေရိကန်နိုင်ငံ ဟူစတန်ကောင်စစ်ဝန်ရုံးမှ တရုတ်ဝန်ထမ်းများ ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိ

မကြာသေးမီက ပိတ်သိမ်းခဲ့ရသည့် အမေရိကန်နိုင်ငံ ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးမှ တရုတ်ဝန်ထမ်းများသည် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး၏ လုပ်ငန်းဆောင်တာအားလုံးကိုရပ်ဆိုင်းရန် နှင့် သတ်မှတ်ကာလအတွင်း အပြီးရုပ်သိမ်းရန် အမေရိကန်နိုင်ငံက ရုတ်တရက်တောင်းဆိုခဲ့သည့် ဇူလိုင် ၂၁ ရက်မှ စတင်ကာ အဆိုပါ ရုံးတွင်လုပ်ကိုင်နေကြသည့် တရုတ်ဝန်ထမ်းများသည် ပထမဆုံးအကြိမ်အဖြစ် မွေးရပ်မြေသို့ ပြန်လည်ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။
မကြာသေးမီက ဆင်ဟွာသတင်းဌာနှင့် သီးသန့်ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးသည် တရုတ်-အမေရိကန် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက် အမေရိကန်မြေပေါ်၌ ပထမဆုံးဖွင့်လှစ်သည့် တရုတ်ကောင်စစ်ဝန်ရုံး ဖြစ်ပြီး ယင်းသည် တရုတ်-အမေရိကန် ချစ်ကြည်ရင်းနှီးမှုအတွက် အလွန်အရေးပါသော အမှတ်သညာတစ်ခုအဖြစ် အမြဲတည်ရှိနေမည်ဖြစ်ကြောင်း ဆိုခဲ့သည်။
တန်ပြန်လုပ်ဆောင်မှုတစ်ခုအနေဖြင့် တရုတ်နိုင်ငံ ချန်ဒူးမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ရန် တရုတ်နိုင်ငံဖက်က ညွှန်ကြားခဲ့သည်။ ယင်းလုပ်ငန်းစဉ်ကို ဇူလိုင် ၂၇ ရက်တွင် စတင်အသက်ဝင်ရန် ညွှန်ကြားချက်တွင် ဖြည့်စွက်ဖော်ပြခဲ့သည်။
ဩဂုတ် ၁၇ ရက်က ပေကျင်းလေဆိပ်၌ ကျင်းပ ပြုလုပ်သည့် ကြိုဆိုပွဲအခမ်းအနားတွင် ဝမ်က တရုတ်-အမေရိကန် ဆက်ဆံရေးသည် ယခုကြုံတွေ့နေရသည့် ခက်ခဲသော ကာလအား ကျော်ဖြတ်ပြီးနောက်တွင် ပြန်လည်ကောင်းမွန်လာမည်ကို တရုတ်နိုင်ငံက ယုံကြည်ကြောင်း နှင့် တရုတ်နိုင်ငံ၏ အနာဂတ်သည် တရုတ်ပြည်သူတို့၏ လက်ထဲတွင်သာရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။
>>zawgyi<<

Tuesday, August 18, 2020

0 comments:

Post a Comment