Wednesday, August 19, 2020

မြစ်ကြီးနား၌ သက်တမ်းရင့် ကုက္ကိုလ်ပင်ပြိုလဲမှုကြောင့် ဝန်ထမ်းအိမ်ယာအချို့နှင့် သစ်သီးဆိုင်များ ပျက်စီးမှုဖြစ်ပွား

သက်တမ်းရင့် ကုက္ကိုလ်ပင်တစ်ပင် ပြိုလဲမှုကြောင့် ယင်းအနီးတစ်ဝှက်ရှိ ဝန်ထမ်းအိမ်ယာအချို့နှင့် လမ်းဘေးရှိ သစ်သီးဆိုင်များ ထိရှိပျက်စီးခဲ့သည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ သြဂုတ်လ (၁၈) ည(၈)နာရီခန့်အချိန်က မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်၊ ဆမားလမ်းနှင့် အောင်ဆန်းလမ်းထောင့်တွင် ဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။
ယင်း ကုက္ကိုလ်ပင်သည် အမြင့်ပေ (၄၀)ခန့်၊လုံးပတ် (၄)ရှိပြီး မိုးရွာသွန်းမှုကြောင့်ပြိုလှဲခဲ့ ရခြင်း ဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် အနီးတဝိုက်ရှိ သွပ်မိုး၊ ထရံကာ၊ (၁၂)ပေပတ်လည် (၄)ခန်းတွဲ ဝန်ထမ်း အိမ်ယာနှင့် (၁၄)ပေပတ်လည်ရှိ သစ်သီးဆိုင်(၄)ခန်း ထိခိုက်ပျက်စီးခဲ့ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးလှမိုးက ယခုကဲ့သို့ဆိုသည်။
''အမြှစ်မခိုင်တော့လို့ လဲတာ။ အပင်သက်တမ်းအိုလို့ သူပါသူ ပြိုလဲသွားတာပါ။အခုတော့ အဲ့တာတွေကို ကျွန်တော်တို့စည်ပင်သာယာရေး အဖွဲ့ကနေပြီးတော့ ရှင်းလင်းဖို့ရှိတယ်။ မနေ့ကတော့ မီးသတ်တွေ လည်းလာပြီး ဝိုင်းကူရှင်းပေးပါတယ်"ဟု ဦးလှမိုးက ပြောသည်။
ထို့အပြင် ယင်းဖြစ်စဉ်ကြောင့် ဝန်ထမ်းအိမ်ယာရှိ 125 ဆိုင်ကယ်နှစ်စီးနှင့် ယင်းအနီးတွင် ရပ်နားထား သည့် လိုက်ထရပ်ယာဉ်တစ်စီး၊ သုံးဘီး တစ်စီး အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ငွေကျပ် (၁၀)သိန်း ကျော်ခန့် ရှိကြောင်း သိရသည်။
Crd : EPN

0 comments:

Post a Comment