Wednesday, August 19, 2020

ထိုင်းနိုင်ငံတွင် ဘုရားဝန်ကျင်မှာ ၁၁ နှစ်သမီးကို မုဒိမ်းကျင့်ခဲ့တဲ့ ထောင်ထွက်ကို ဖမ်းမိ

ထိုင်းနိုင်ငံ ချိုင်းရာပူးခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းတရားခံဟာ လူ့ပါတ်ဝန်းကျင်မှာ အန္တရယ်ရှိတဲ့ မနေသင့် တဲ့တရားခံဖြစ်ပါတယ်။
သူခိုးမှု သက်ကြီးမုဒိမ်းမှုတွေနဲ့ ထောင်ကျနေတဲ့ သူ နိုင်ချိုင်ယာ (ကိုဝ) အသက်၅၀နှစ် ဟာ ထောင်ကလွတ်လာတိုင်း နောက်ထပ် မုဒိမ်းမှုတွေထပ်ကျူးလွန်ခဲ့လို့ ထောင်အကြိမ်ကြိမ်ကျခဲပေမယ့် လွတ်ငြိမ်းခွင့်တွေနဲ့ နှစ်အနည်းငယ်အတွင်း ပြန်လွတ်လာတတ်ပါတယ်။
ခုလည်း ထောင်ကလွတ်လာတာ(၃) လအတွင်း မှာ နောက်ထပ် သက်ငယ်မုဒိမ်း မှု ထပ်ကျူးလွန်ခဲ့ပြန်ပါပြီ- ကိုဝ ရဲ့ ပစ်မှတ်ဟာ ၁၁ နှစ်အရွယ်မိန်းခလေးဖြစ်လာပြီး ဦးဆုံး မိန်းခလေးရဲ့ ဖခင်ကို အရက်မူးအောင်တိုက်ပါတယ်ဖခင်မူးပြီးအိပ်သွားတဲ့အထိစောင်ကြည့်ပြီးမှ သမီးကို ဖုန်းဝယ်ပေး မက်လုံးနဲ့ အပြင်ခေါ်ထုတ်သွားခဲ့တာပါ။
မိန်းကလေးကို လူရှင်းတဲ့ တောစပ်ကဇရပ်တစ်ဆောင်ဆီခေါ်သွားပြီး ဘုရားဆင်းတု နဘေးမှာ မုဒိမ်းကျင့်ခဲ့တာကို အားမရသေးဘဲ ကလေးကို ဒါးနဲ့ထောက်ပြီး တောထဲခေါ်သွား ထပ်မုဒိမ်းကျင့် ပြန်တယ်၊ ကလေးပျောက်လိုက်ရှာကြတဲ့ မိသားစုတွေ ဟာ မိန်းခလေးကိုတောစပ်မှာ တွေ့သွားခဲ့ပြီး ကိုဝ ကတော့ တောထဲကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။
မုဒိမ်းတရားခံ ကိုဝ ကို ချိုင်ယာ ပူး ခရိုင် Nong Ya Plong နောင်ရပုန် ကျေးရွာသားတွေနဲ့ ရဲတပ်ဖွဲ့အင်အား၁၀၀ ကျော်နဲ့ တောနင်းရှားဖွေရာ သြဂုတ်လ ၁၆ ရက်နေ့ကတဲကပါ-သြဂုတ်လ ၁၉ ရက်နေ့မှာတော့ နောင်ခိုင်တောစပ်က တောင်ယာတဲကို အစားအသောက်ဝင်တောင်းခဲ့လို့ တောင်ယာလုပ်သူတွေရဲ့ သတင်းပေးမှုကြောင့် ရဲတပ်ဖွဲ့ကသူပုန်းနေတဲ့ တောင်တန်းနေရာအတိအကျ သိသွားခဲ့ပြီး လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။
(zawgyi)

Thursday, August 20, 2020

0 comments:

Post a Comment