Monday, August 17, 2020

မန္တလေးတိုင်းတွင် ဘာသာရေးဝတ်ပြုဆုတောင်းခြင်းများကို စည်းကမ်းချက်များနှင့်အညီ ရက် အကန့်အသတ်ဖြင့် ပြန်လည်ခွင့်ပြု

COVID-19 ရောဂါ ဖြစ်ပွားနေမှုကြောင့် မန္တလေးတိုင်းဒေသကြီးတွင် ပိတ်ပင်ထားသည့် ဘာသာရေးဝတ်ပြုဆုတောင်းခြင်းများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရက် အကန့်အသတ်ဖြင့် ပြန်လည်ခွင့်ပြုမည်ဟု တိုင်းဒေသကြီးအစိုးရက သြဂုတ် ၁၇ ရက်တွင် ထုတ် ပြန်သည်။
ဗုဒ္ဓဘာသာဝင်များသည် ဘုန်းကြီးကျောင်းများတွင် ဥပုသ်သီလဆောက်တည်ခြင်းများကို ဥပုသ်နေ့များတွင် တစ်လလျှင် လေးရက်၊ အခြားဘာသာဝင်များ သည် Church၊ ဗလီနှင့် ဟိန္ဒူ ကျောင်းများတွင် တစ်ပတ်လျှင် တစ်ရက်နှုန်းဖြင့် တစ်လလျှင် လေးရက်ပြုလုပ်ခွင့်ကို တစ်ကြိမ် လျှင် လူဦးရေ ၃၀ နှုန်းဖြင့် သတ် မှတ်ထားသည့် စည်းကမ်းချက် များနှင့်အညီ ခွင့်ပြုမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။
သြဂုတ် ၁၆ ရက်ထုတ်ပြန်ချက်တွင် ဘာသာရေးဝတ်ပြုဆု တောင်းခြင်းများကို ခွင့်မပြုသေး ကြောင်း ရေးသားထားသော်လည်း တစ်ရက်အကြာတွင် ထုတ်ပြန်ချက် ထပ်မံထုတ်ပြန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ဘာသာရေးဝတ်ပြုဆု တောင်းခြင်းများကို ပြန်လည်ခွင့်ပြုခဲ့သော်လည်း တိုင်းဒေသကြီး အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုး များ ဖူးမြော်ခွင့်ကို ခွင့်မပြုသေးပေ။ သို့သော် ဖူးမြော်ဝတ်ပြုခွင့် တောင်းခံလာပါက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီထံတင်ပြကာ ခွင့်ပြုချက်ရရှိမှသာ ပြန်လည်ခွင့်ပြုမည်ဟု တိုင်းအစိုးရက ထုတ်ပြန်ထားသည်။
လူစုလူဝေးဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေနေရာများ၊ နိုက်ကလပ်၊ ကေတီဗီ၊ စင်တင်တေးဂီ တ၊ စတိတ်ရှိုး၊ ဗီဒီယို၊ ရုပ်ရှင်ရုံများ၊ တရားပွဲ၊ တရားစခန်းများ၊ ဘုရားပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ ရဟန်းခံရှင်ပြုပွဲများ၊ အခြားပွဲ လမ်းသဘင်များ၊ လူမှုရေးလုပ်ငန်းများ၊ ဘာသာပေါင်းစုံညီညွတ်ရေးပွဲများကို ခေတ္တပိတ်သိမ်းထားရန်နှင့် မလိုက်နာလျှင် အရေးယူမည်ဟု ကြေညာထားကြောင်း သိရသည်။
>>zawgyi<<
မန္တလေးတိုင်းတွင် ဘာသာရေးဝတ်ပြုဆုတောင်းခြင်းများကို စည်းကမ်းချက်များနှင့်အညီ ရက် အကန့်အသတ်ဖြင့် ပြန်လည်ခွင့်ပြု
Tuesday, August 18, 2020
COVID-19 ရောဂါ ဖြစ်ပွားနေမှုကြောင့် မန္တလေး တိုင်းဒေသကြီးတွင် ပိတ်ပင်ထားသည့် ဘာသာရေးဝတ်ပြုဆု တောင်းခြင်းများကို သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရက် အကန့်အသတ်ဖြင့် ပြန်လည်ခွင့် ပြုမည်ဟု တိုင်းဒေသကြီးအစိုးရ က သြဂုတ် ၁၇ ရက်တွင် ထုတ် ပြန်သည်။
ဗုဒ္ဓဘာသာဝင်များသည် ဘုန်းကြီးကျောင်းများတွင် ဥပုသ် သီလဆောက်တည်ခြင်းများကို ဥပုသ်နေ့များတွင် တစ်လလျှင် လေးရက်၊ အခြားဘာသာဝင်များ သည် Church၊ ဗလီနှင့် ဟိန္ဒူ ကျောင်းများတွင် တစ်ပတ်လျှင် တစ်ရက်နှုန်းဖြင့် တစ်လလျှင် လေးရက်ပြုလုပ်ခွင့်ကို တစ်ကြိမ် လျှင် လူဦးရေ ၃၀ နှုန်းဖြင့် သတ် မှတ်ထားသည့် စည်းကမ်းချက် များနှင့်အညီ ခွင့်ပြုမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။
သြဂုတ် ၁၆ ရက်ထုတ်ပြန် ချက်တွင် ဘာသာရေးဝတ်ပြုဆု တောင်းခြင်းများကို ခွင့်မပြုသေး ကြောင်း ရေးသားထားသော်လည်း တစ်ရက်အကြာတွင် ထုတ်ပြန်ချက် ထပ်မံထုတ်ပြန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ဘာသာရေးဝတ်ပြုဆု တောင်းခြင်းများကို ပြန်လည်ခွင့်ပြုခဲ့သော်လည်း တိုင်းဒေသကြီး အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုး များ ဖူးမြော်ခွင့်ကို ခွင့်မပြုသေးပေ။ သို့သော် ဖူးမြော်ဝတ်ပြုခွင့် တောင်းခံလာပါက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ထံတင်ပြကာ ခွင့်ပြုချက်ရရှိမှသာ ပြန်လည်ခွင့်ပြုမည်ဟု တိုင်းအစိုးရက ထုတ်ပြန်ထားသည်။
လူစုလူဝေးဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေနေရာများ၊ နိုက် ကလပ်၊ ကေတီဗီ၊ စင်တင်တေးဂီ တ၊ စတိတ်ရှိုး၊ ဗီဒီယို၊ ရုပ်ရှင်ရုံ များ၊ တရားပွဲ၊ တရားစခန်းများ၊ ဘုရားပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ ရဟန်းခံရှင်ပြုပွဲများ၊ အခြားပွဲ လမ်းသဘင်များ၊ လူမှုရေးလုပ်ငန်းများ၊ ဘာသာပေါင်းစုံညီညွတ်ရေးပွဲများကို ခေတ္တပိတ်သိမ်းထားရန်နှင့် မလိုက်နာလျှင် အရေးယူမည်ဟု ကြေညာထားကြောင်း သိရသည်။

0 comments:

Post a Comment